ရန်ကုန် – မော်လမြိုင် ရထားလမ်း‌ပေါ်ရှိ တံတားတစ်စင်း မိုင်း‌ထောင်ဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်ရပ်နား

0
143

ရန်ကုန် – မော်လမြိုင် ရထားလမ်း‌ပေါ်ရှိ တံတားတစ်စင်း မို င်း‌ထောင်ဖျက်ဆီးခံရသဖြင့် ယနေ့ မေလ(၂၁)ရပ်တွင်ထွက်မည့် အစုန်/အဆန် ရထားခရီးစဉ်များကို ရပ်နားထားကြော င်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

ယမန်နေ့ မေ (၂၀)ရက် ည (၉) နာရီဝန်းကျင်အချိန်ခန့်၌ ရန်ကုန်-မော်လမြိုင် ရထားလမ်း မိုင်တိုင် အမှတ် (၁၂၄/၉)နှင့် (၁၂၄/၁၀) အကြား၊ အရှည်ပေ (၆၀) ၊ အကျယ် (၃) ပေခန့်ရှိ ချောင်းကူးတံတားငယ် မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ရထားသံလမ်း တစ်ပေခန့် ပြတ်ထွက်ခဲ့ပြီး ယနေ့တွင် ပြင်ဆင်မှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

” မွန်ပြည်နယ် လမ်းပိုင်းက အမြဲတမ်း တိုက်ခိုက်ခံနေရတ ယ်။ ကားလမ်းပိုင်းကို ခွဲပြီး ရထားလမ်းပိုင်းထပ်ခွဲတယ်။ ဘီးလင်းနဲ့ သထုံကြားမှာကို အမြဲဖြစ်နေတာ။ အများပြည်သူသွားတဲ့လမ်း မှာ ဒီလိုတောက်လျောက် တစ်မျိုးမဟုတ်တမျိုး ဖျက်ဆီးခံနေရတာတော့ ပြည်သူအတွက်ဝန်ထုတ်ဝန်ပိုး‌ဖြစ်တယ်”ဟု ဒေသခံတစ်ဦးက ယင်းဖြစ်စဉ်အတွက် မှတ်ချက်ပြုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာမည့် ရန်ကုန် – မော်လမြိုင် အစုန်/အဆန် ရထားခရီးစဉ်များကို ဖျက်သိမ်းထားရပြီး လမ်းပိုင်းပြုပြင်ပြီးပါက ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here