တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသား (၁)ဦး ရေ တွင်းထဲသို့ ပြုတ်ကျခဲ့သည့်အတွက် ကူညီကယ်ဆယ်ခဲ့ရကြောင်း ထားဝယ်မြို့နယ် မီးသတ်စခန်းမှ သိရသည်။
ယနေ့ မေ (၂၁)ရက်၊ နံနက် (၁၀) နာရီအချိန်က ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ ကုသိနာရုံလမ်းတွင် အမျိုးသား (၁)ဦး ရေတွင်းထဲ ပြုတ်ကျမှုဖြစ်ပွားကြောင်း သတင်းအရ ထားဝယ်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေက ယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ထွ က်ခွာဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ရာ နံနက် (၁၀)နာရီ (၁၅) မိနစ်အချိန်တွင် ရေတွင်းထဲ ပြုတ်ကျသူ အမျိုးသားကို အ သက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ဇမ္ဗူသီရိလူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။