ရေပေါ်ဆိပ်ခံမှတဆင့် ဂါဇာဒေသအတွင်း အကူအညီပစ္စည်း တန် ၆၀၀နီးပါး ပေးပို့ထားပြီးဖြစ်ဟု ဆို

0
458

ယာယီရေပေါ်ဆိပ်ခံတစ်ခုကနေ ဂါဇာဒေသအတွင်းကို အကူအညီပစ္စည်း ၅၆၉ တန်ကျော် ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ အမေရိကန် စစ်ဋ္ဌာနချုပ် ( CENTCOM) က အင်္ဂါနေ့(မေ ၂၁) မှာ ပြောဆိုပါတယ်။ သို့ပေမယ့် အကူအညီပစ္စည်း ၅၆၉ တန်ကျော်လုံးကတော့ ဂိုဒေါင်တွေဆီ မရောက်ရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဝိုင်းပတ်ပိတ်ဆို့ခံထားရတဲ့ ကမ်းမြောင်ဒေသအတွင်း အကူအညီပစ္စည်းတွေ ပိုမိုပို့ဆောင်ခွင့်ပေးဖို့ အစ္စရေးအပေါ် နိုင်ငံတကာက ဖိအားတိုးမြှင့်ပေးနေစဉ် အမေရိကန်တည်ဆောက်ခဲ့တဲ့ ရေပေါ်ဆိပ်ခံကနေ သောကြာနေ့မှာ အကူအညီပစ္စည်းပေးပို့မှု စတင်ခဲ့ပါတယ်။

ကုလသမဂ္ဂ တာဝန်ခံတွေက ရေပေါ်ဆိပ်ခံကိုဖြတ်ပြီး သယ်ဆောင်လာခဲ့တဲ့ စားနပ်ရိက္ခာတင် ထရပ်ကား ၁၀ စီးကို သောကြာနေ့မှာ ဂါဇာရဲ့ Deir El Balah ရှိ ကမ္ဘာ့စားနပ်ရိက္ခာ(WFP) ဂိုဒေါင်တွေက လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း စနေနေ့မှာ အခြား ထရပ်ကား ၁၀ စီးက အစားအစာထုပ်တွေကို လမ်းခရီးမှာ ပါလက်စတိုင်းတွေက ယူဆောင်ခဲ့ကြတာကြောင့် ထရပ်ကား ၅ စီးသာ ဂိုဒေါင်ကို ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ အကူအညီပစ္စည်းတွေ လက်ခံရရှိခြင်း မရှိဘူးလို့လည်း ကုလသမဂ္ဂက ပြောဆိုခဲ့ပါတယ်။

Ref: Arab News


LEAVE A REPLY

Please enter your comment!
Please enter your name here