ကျိုက္ခမီ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေသွန်းပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

0
146

မွန်ပြည်နယ် ၊ ကျိုက္ခမီမြို့တွင် ယမန်‌နေ့

မေ(၂၁)ရက် ညနေ ‌(၄)နာရီအချိန်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲကို ကျိုက္ခမီမြို့ပေါ်နှင့် ရပ်ကွက်များအတွင်း အသီးသီး လှည့်လည်အပူဇော်ခံခဲ့ခြင်းဖြစ်သည်။

ယနေ့ မေ (၂၂)ရက် (ကဆုန်လပြည့်နေ့)၌ နှစ်ကျိပ်ရှစ်ဆူ ဘုရားများအား ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ ဂန္ဓကုဋီတိုက်သို့ပြန်လည်ပင့်ဆောင်သွားမည်ဖြစ်ပြီး ကျိုက္ခမီရေလယ်ဘုရားကုန်းတော်ပေါ်ရှိ မဟာဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပွဲအား တစ်ဆက် တည်းကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ယခုနှစ် ကျင်းပပြုလုပ်သည့်  ကျိုက္ခမီ နှစ်ကျိပ်ရှစ်ဆူဘုရားပင့်ဆောင်ပူဇော်ပွဲနှင့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင် ဇာတ်သဘင်နှင့် ပွဲခင်းများထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here