ထိုင်းလိဂ် -၁ သို့ တန်းတက်ခဲ့သည့် နာခွန်ရချာရှီးမားအသင်းတွင် တိုက်စစ်မှူး အောင်ကောင်းမာန် ဆက်လက်ကစားမည်

0
203

ထိုင်းလိဂ် -၁ သို့ တန်းတက်ယှဉ်ပြိုင်ကစားခွင့်ရခဲ့သည့် နာခွန်ရချာရှီးမားအသင်းတွင် မြန်မာလက်ရွေးစင် တိုက် စစ်မှူး အောင်ကောင်းမာန် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကောင်းမာန်သည် ပြီးခဲ့သော

ဘောလုံးရာသီက ထိုင်းလိဂ်- ၁ ကလပ် အူထိုင်းဌာနီအသင်း၌ ကစားခဲ့ရာ၌ ပွဲထွက်ခွင့်မရခြင်းကြောင့် ရာသီဝက်တွင် လိဂ် ၂- ကလပ်ဖြစ်သည့် နာခွန်ရချာရှီးမားအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဘောလုံးရာသီ၌ ထိုင်းလိဂ် ၂ တွင် ချန်ပီယံဖြစ်လာခဲ့သည့် နာခွန်ရချာရှီးမားအသင်းသည့် လာမည်ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ တွင် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

အောင်ကောင်းမာန်သည် နာခွန်ရချာရှီးမားအသင်းတွင် (၁၅) ပွဲကစားခဲ့ပြီး (၃) ဂိုးသွင်းယူပေးနိုင်ခဲ့ကာအသင်း၏အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခွင့်ရခဲ့ခြင်းလည်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here