မွန်ပြည်နယ်အတွင်း အန္တရာယ်ရှိလုပ်ငန်းခွင်များတွင် ကလေးလုပ်သားများဖယ်ရှား‌​နေ

0
259

မွန်ပြည်နယ်အတွင်းရှိ အန္တရာယ်ရှိလုပ်ငန်းခွင်များမှကလေး လုပ်သားများအား ဖယ်ရှား‌ရေးနှင့် ၎င်းတို့အား သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးအတွက် အသက်မွေးပညာကျောင်းများ တက်ရောက်သင်ကြားနိုင်ရန် ဆော င်ရွက်ပေး‌နေကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောကြားသည်။

ယခုလ မေ(၂၁)ရက်က ကလေးလုပ်သားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ် ငန်းကော်မတီမှ ဖွင့်လှစ်သည့် အခြေခံလျှပ်စစ်သင်တန်းဖွင့်ပွဲသို့တက်ရောက်စဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ပြည်နယ်အတွင်း အန္တရာယ်ရှိလုပ်ငန်းခွင်များ၌ လုပ်ကိုင်နေရသော ကလေးအလုပ်သားများကို ဖယ်ရှား‌ရေးများဆောင်ရွက်လျက်ရှိကာ အသက်မွေးဝမ်းပညာကျောင်းများသို့ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမားပပျောက်ရေး(၁၅)နှစ် စီမံချက်အရ ၂၀၁၉ ခုနှစ်အတွင်း မွန်ပြည်နယ်၌ ကလေးလုပ်သားပပျောက်ရေးလုပ်ငန်းကော်မတီ (၈)ရပ်ကို ကော်မတီဝင်(၁၉) ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ် ကြောင်း သိရသည်။

အဆိုပါ ကော်မတီများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး၊ဆိုးရွားသည့် ပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်လုပ်ငန်း (၈) ခုကို လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း ကလေးလုပ်သားအများစုသည် ရာဘာခြံလုပ်ငန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းခင်းလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းတွင်  အများဆုံးလုပ်ကိုင်နေရကြောင်း သိရသည်။

” ဒီမှာက ကလေးနဲ့သင့်တော်မသင့်တော်ဆိုတာကို မစဉ်းစားမချင့်ချိန်ဘဲ စားဝတ်နေရေးအတွက် ရတဲ့အလုပ်တွေမှာ ဝင်လုပ်‌နေကြတာမျိုးတွေရှိတယ်။ ဥပမာဗျာ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်ရတဲ့ အလုပ်က အန္တရာယ်မရှိပေမယ့် ရော်ဘာစေးခြစ်တာတို့၊ ငါးဖမ်းလှေထဲ တောက်တိုမယ်ရလုပ်ဖို့ ထည့်လိုက်တာမျိုးက ကလေးအတွက်အန္တရာယ်များတယ်။ သက်မွေးဝမ်းပညာကျောင်းတွေကို ပို့ပြီးပညာသင်နိုင်မယ့်အစီအစဉ်မျိုးတွေ ဒီထက်ပိုလုပ်ပေး‌ရင်ကောင်းပါတယ်” ဟု ဒေသခံ စားသောက်ကုန်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

မိသားစု စားဝတ်နေရေး၊ ဆင်းရဲမွဲတေမှုများမှ တဆင့် ကလေးလုပ်သား များဖြစ်ပေါ်လာရသည့်အတွက် ကလေးလုပ်သားကိစ္စအား ဦးစားပေးဖြေရှင်းသင့်ကြောင်းနှင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန် လိုအပ်သည်ဟု လည်း ၎င်း၏အမြင်ကို ထောက်ပြပြောဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးလုပ်သား (၆) သိန်းကျော်သည် ဘေးအန္တရာယ်ရှိသည့် (သို့မဟုတ်) ဘေးဖြစ်စေသည့်အလုပ်များတွင် လုပ်ကိုင်နေရသည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO) စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here