Miss Grand International 2024 ပြိုင်ပွဲ မြန်မာနိုင်ငံတွင်မကျင်းပဖြစ်‌

0
156

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Miss Grand International 2024 ပြိုင်ပွဲ ကို မြန်မာနိုင်ငံတွင် မကျင်းပဖြစ်တော့ကြောင်း Miss Grand International အဖွဲ့မှ ယနေ့ မေလ (၂၃) ရက်တွင် တရားဝင်ထုတ်ပြန်ကြေညာထားသည်။ 

ပြိုင်ပွဲမကျင်းပဖြစ်သည့် အကြောင်းအရင်းကိုတော့ Miss Grand International အဖွဲ့က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်း မရှိပေ။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတွင် Miss Grand International 2024 ကို ကျင်းပတော့မည် မဟုတ်ဘဲ လာမည့် အောက်တိုဘာလတွင် ပြောင်းလဲကျင်းပမည့် အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် Miss Grand International 2023 ပြိုင်ပွဲ တွင် မြန်မာနိုင်ငံက အလှမယ်နီနီလင်းအိမ်အပါအဝင် နိုင်ငံပေါင်း (၇၀)မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အလှမယ် နီနီလင်းအိမ်က Miss Grand International 2023 ပြိုင်ပွဲ၏ First Runnerup၊ Country of the year နှင့် Miss Popular Vote ဆုများကို ဆွတ်ခူး ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here