မိုးရွာသွန်းခြင်းကြောင့် ထို့ကော်ကိုးလမ်းပိုင်းကို ပြန်လည်အသုံးပြုမှုများလာ

0
128

မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သွားလာနိုင်သည့် အခြားလမ်းပိုင်းများ လမ်းပျက်စီးမှု ရှိလာရာ ထို့ကော်ကိုးလမ်းပိုင်းအား ပြန်လည်အသုံးပြုမှုများလာကြော င်း ဒေသတွင်း ယာဉ်မောင်းများထံက သိရသည်။

လက်ရှိတွင် မြဝတီမြို့သို့သွားလာနိုင်သည့် လမ်းပိုင်း (၃)ခုရှိသည့်အနက် ထော်ကို့ကိုလမ်းသည် သွားလာရအဆင်ပြေဆုံးဖြစ်ပြီး ကျန်လမ်းပိုင်း(၂)ခုမှာ မြေသားလမ်းများဖြစ်ခြင်းကြောင့် လမ်းချော်မှုများဖြစ်ပွားနေသဖြင့် ထို့ကော်ကိုးလမ်းပိုင်းမှ ဖြတ်သန်းသွားလာမှု ပိုများလာခြင်းဖြစ်ကြောင်း သိရသည်။

“ထို့ကော်ကို့ လမ်းက မြဝတီကနေဆို အတက်မှာပဲ လမ်းဆိုးတာ။ တောင်အလယ်လောက်ကနေ အဆင်းလမ်း နော်တရာရွာအထိက ကွန်ကရစ်လမ်းပိုင်းဆိုတော့ အဆင်ပြေတယ်။ အခုမိုးရွာလိုက်တော့ ဒီမှာကားတွေ ပြန်လာမောင်းကုန်ကြပြီ။ ကျန်တဲ့လမ်းပိုင်း တွေက တစ်လျှောက်လုံးမြေသာလမ်းဆိုတော့ ဗွက်တွေထပြီး သွားဖို့အဆင်မပြေတော့ဘူး။ အဲဒီတော့ လမ်းပိုသာတဲ့ ထို့ကော်ကိုးလမ်းကို ရွေးပြီး မောင်လားကြတာ” ဟု ၎င်းက ရှင်းပြသည်။

မြဝတီမြို့သို့သွားသည့် ကျန်လမ်းပိုင်း(၂)ခုမှာ နယ်ခြားစောင့်တပ်(၁၀၁၈)က ဖောက်လုပ်ထားသည့်လမ်းပိုင်း ‌(ဒေသအ ခေါ် (၁၈)လမ်း)နှင့် သက္ကတေရွာဘက်မှ ဖောက်လုပ်ထားသည့် လမ်းပိုင်း (ဒေသအခေါ် ကြက်ဥတောင်လမ်း)တို့ဖြစ်သည်။

ယင်း လမ်းပိုင်းသုံးလမ်းအပြင် မြဝတီမြို့သို့ သွားလာနိုင်သည့် မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးနှင့် ယခင်လမ်းဟောင်း ဒေါနတောင်တက်လမ်းပိုင်းတို့မှာ ဒေသတွင်းစစ်ရေးအခြေအနေများကြောင့် ပိတ်ထားရသည့်အခြေအနေဖြစ်သည်။

“အဲ့ဒီလမ်းပိုင်းနှစ်ပိုင်းလုံးကတော့ လမ်းအသာဆုံးပဲ။ အာရှလမ်းမဖွင့်သေးသ၍ကတော့ထော်ကိုးကိုလမ်းပိုင်းကို အသုံး ပြုတာပိုများမယ်။ ကုန်စည်စီးဆင်းမှုရော ခရီးသွားတွေအ တွက်ရောပေါ့”ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ရှိတွင် ဒေသတွင်း ဖြစ်ပွားနေသောတိုက်ပွဲများမှာ မြဝတီခရိုင် ၊ ကျောက်ခက်ကျေးရွာဘက်တွင် ဖြစ်ပွားနေခြင်းကြောင့် အာရှလမ်းပိုင်းတွင် တိုက်ပွားဖြစ်ပွားမှု ငြိမ်သက်လျှက်ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မြဝတီ- ကော့ကရိတ် အာရှလမ်းမကြီးတစ်လျှောက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ (၁) ရက်မှစတင်ကာ KNLA၊ PDF ပူးပေါ င်းတပ်များနှင့် မြန်မာ့တပ်မတော်တို့အကြား ယနေ့အချိန်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေခြင်းကြောင်း အာရှလမ်းမကြီးအား ယာယီပိတ်ထားရဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here