ပြင်ဦးလွင်တွင် ငွေကျပ်သိန်း (၁၃၀၀) ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ 

0
331

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသား (၁)ဦးနှင့် အမျိူးသမီး (၂)ဦးတို့မှ အိမ်စီကားဖြင့် သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ 

မေလ (၂၁) ရက်၊ ညနေ (၆)နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။  

ထိုသို့ ရှာဖွေစစ်ဆေးနေစဉ် လားရှိုးမြို့ဘက်မှ ပြင်ဦးလွင်မြို့ဘက်သို့ ဇော်မျိုးအောင် (ခ)ဖိုးဇော် မောင်းနှင်ပြီး မစန်းနွယ်(ခ)မပွား နှင့် မထားထားနွယ်(ခ)မထားတို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။  

ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ကြွရူးသွပ်ဆေးပြား ၈၇၇၅၀ ပြား(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၃၁၆.၂၅ သိန်း)နှင့် လက်ကိုင်ဖုန်း (၂) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။  

ဖြစ်စဉ်အရ ဇော်မျိုးအောင်(ခ)ဖိုးဇော်(၄၀)နှစ်၊ မစန်းနွယ် (ခ)မပွား(၅၁)နှစ် နှင့် မထားထားနွယ်(ခ)မထား(၄၈)နှစ်တို့အား ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျ က်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here