အလိုအလျှောက်သွားလာသည့် ကွန်တိန်နာယာဉ်များ ပေကျင်းတွင် ပထမဆုံး စမ်းသပ်ပြေးဆွဲ

0
107

အဝေးထိန်းစနစ်ဖြင့် မောင်းနှင်ခြင်းမဟုတ်သော အလိုအလျှောက်သွားလာသည့် ထရပ်ကားများအား အမြန်လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခွင့်ကို ပေကျင်းမြို့တွင် ပထမဆုံးခွင့်ပြုလိုက်ပြီဖြစ်သည်။ 

ထိုသို့ခွင့်ပြုလိုက်သည်နှင့် ပိုနီအေအိုင်(Pony AI) ကုမ္ပဏီမှ ထုတ်လုပ်ထားသော အလိုအလျှောက်မောင်းနှင်သည့် ကွန်တိန်နာတင်ထရပ်ကား ၆ စင်းပါဝင်သော ယာဉ်တန်းသည် ပေကျင်း-တီယန်ကျင်း-တန်ဂူး အဝေးပြေး အမြန်လမ်းမပေါ်တွင် စမ်းသပ်မောင်းနှင်ခဲ့ကြသည်။

ပေကျင်းတွင် အလိုအလျှောက်သွားလာသည့်ယာဉ်များအား စီးပွားဖြစ် မောင်းနှင်ပြေးဆွဲခြင်းကို ၂၀၂၃ ခုနှစ် မတ်လက စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here