စစ်တွေမြို့နယ် သက္ကယ်ပြင် ကျေးရွာရှိ ဈေးအတွင်း မီး လောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း (၆၀) ခန့် မီးလောင်ပျက် စီး ဆုံးရှုံး

0
387

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သက္ကယ်ပြင်ကျေးရွာဈေးအတွင်းရှိ ဖိနပ်ဆိုင်တစ်ဆိုင်မှ ဆိုလာအားသွင်းစနစ် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်းပေါင်း (၆၀) ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း  သိရသည်။ 

ယမန်နေ့ မေလ(၂၃)ရက် ညနေ (၃) နာရီ (၁၅) မိနစ်ခန့်က ဖိ နပ်ဆိုင်၌ အသုံးပြုသော ဆိုလာအားသွင်းစနစ်မှ အပူရှိန်လွ န်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ အနီးပတ်ဝန်းကျင်ရှိ ဈေးဆိုင်ခန်းများသို မီးကူးစက်လောင် ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့သည့်နေရာအား နယ်မြေခံ တ ပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တ ပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ်ယာဉ်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာ ညနေ (၄) နာရီခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း (၆၀) ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here