မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတား စတင်ပြင်ဆင်

0
126

မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်အတွင်းရှိ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားအား ယမန်နေ့ မေလ(၂၃)ရက်တွင် စတင်ကာ ပြန်လည်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယာယီသံဘေလီဘောင် တံတားအမျိုးအစားဖြင့် ပြန်လည်ပြင်ဆင်နေခြင်းဖြစ်ပြီး ဒေသတွင်းခရီးသွားများ အမြန်ဆုံး ဖြတ်သန်းသွားလာနိုင်ရန် ပြင်ဆင်နေသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မေလ(၂၃)ရက် နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရသည့် ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြ‌ကျေးရွာအုပ်စုရှိ မစောတံ တားကိုလည်း ပြင်ဆင်ရန် စီစဉ်လျက်ရှိကြောင်းသိရသည်။

“ပစ္စည်းတွေ စုပုံနေတာတွေ့ပါတယ်။ ဒီလမ်းပိုင်းမှာ ရွှေသံ လွင်ကုမ္ပဏီဘက်ကတော့ အတတ်နိုင်ဆုံး အမြန်ပြီးအောင်ပြင်ဆင်နေတယ်လို့ သိရတယ်။ မိုးကာလက ရောက်တော့မယ်‌ဆို‌တော့ ယာယီလမ်းလွှဲတွေက ဆိုရင်တော့ ဒုက္ခများမယ်။ တံတားတွေ အမြန်ပြီးမှဘဲ သွားလာရအဆင်ပြေမယ် “ဟု ၎င်းက ပြောသည်။

ရန်ကုန် – မော်လမြိုင် အဝေးပြေးလမ်းမပေါ်ရှိ ဘီးလင်းနှင့် သထုံကြားရှိ ကျုံအိတ်တံတားအပြင် မစောတံတားလည်း မိုင်းခွဲဖျက်ဆီးခံထားရသဖြင့် ဒေသတွင်းကူးသန်းရောင်း ဝ ယ်ရေးနှင့် ခရီးသွားလာမှုများ ကြန့်ကြာမှုများ ရင်ဆိုင်နေရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ -CJ


LEAVE A REPLY

Please enter your comment!
Please enter your name here