အိုင်ယာလန်နှင့် နော်ဝေနိုင်ငံတို့မှ သံတမန်များကို ပြန်ခေါ်ရန် အစ္စရေးအမိန့်ထုတ်

0
135

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် အိုင်ယာလန်နှင့် နော်ဝေနိုင်ငံအစိုးရတို့၏ ဆုံးဖြတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် အိုင်ယာလန်နဲ့ နော်ဝေနိုင်ငံဆိုင်ရာ အစ္စရေး သံတမန်များကို ချက်ချင်းပြန်ခေါ်ရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က အမိန့်ထုတ်ပြန်ခဲ့သည်။

 “ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်ဟာ အစ္စရေးရဲ့ ကိုယ်ပိုင်ခုခံကာကွယ်ခွင့်ကို ထိခိုက်စေပြီး ဂါဇာမှာ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၂၈ ဦးကို ပြန်ပေးဖို့ ကြိုးပမ်းမှုတွေ ပျက်ပြားသွားတယ်”ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အစ္စရေးကာ့ဇ်(Israel Katz)က ပြောကြားသည်။

“ဒီလိုလုပ်တာတွေကို အစ္စရေးက တိတ်ဆိတ်ပြီး ငြိမ်ခံနေမှာ မဟုတ်ဘူး” ဟုလည်း သူက ဆိုသည်။

“ကျွန်ုပ်တို့၏ ရည်မှန်းချက်များ အောင်မြင်ရန် ကျွန်ုပ်တို့ ဆုံးဖြတ်ထားသည်၊ ကျွန်ုပ်တို့၏ နိုင်ငံသားများ လုံခြုံရေးကို ပြန်လည် ထူထောင်ရန်၊ ဟားမတ်စ်များကို ဖယ်ရှားရေးနှင့် ဓားစာခံများ ပြန်လည် ရောက်ရှိရေးတို့ကို ဆောင်ရွက်ရန် ဆုံးဖြတ်ထားသည်”ဟု အစ္စရေးကာ့ဇ်က ပြောသည်။

“ဒီထက် မှန်ကန်တဲ့ ပန်းတိုင်တွေ မရှိဘူး”ဟုလည်း သူကဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here