MFF Futsal Amateur Cup 2024 ပြိုင်ပွဲ ရက်ပြောင်းရွှေ့သတ် မှတ်

0
451

ပြိုင်ပွဲဝင်အသင်းပေါင်း (၅၀)အထိ ပါဝင်ယှဉ်ပြိုင်မည့် MFF Futsal Amateur Cup 2024 ပြိုင်ပွဲအား ရက်ပြောင်းရွှေ့သ တ်မှတ်ကာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်၊ ဖူဆယ်ကော်မတီက မေ(၂၃) ရက်တွင် ထပ်မံအသိပေးကြေညာထားသည်။

ပြိုင်ပွဲအား ယခင်က ဇွန်(၁၅)ရက်တွင် စတင်ကျင်းပမည်ဟု အသိပေးထားသော်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများ စာရင်းသွင်းခြင်း ကိစ္စရပ်များကြောင့် ယခုအခါ ဇွန် (၂၂ ) ရက်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်အသင်းများ စာရင်းသွင်းခြင်းကို ယခင် ဇွန်(၁)ရက်မှ (၇)ရက်အထိ ပြုလုပ်မည်ဖြစ်သော်လည်း ယခုအခါ ဇွန်(၁)ရက်မှ (၁၀)ရက်အထိ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။

ပြိုင်ပွဲဝင် အသင်းများအနေဖြင့် အသင်းဝင်ကြေး ကျပ် (၂) သိန်းနှင့် အာမခံကြေး ကျပ် (၁)သိန်းပေးသွင်းရမည် ဖြစ်ပြီး   ကစားသမား (၁၄) ဦးမှ (၁၆)ဦး (အနည်းဆုံး ဂိုးသမား၂ဦး)၊ အုပ်ချုပ်နည်းပြ (၃)ဦး မှ (၆)ဦးအထိ မှတ်ပုံတင်ခွင့် ရရှိမည် ဖြစ်သည်။

MFF Futsal Amateur Cup 2024 ပြိုင်ပွဲတွင် မြန်မာနေရှင်နယ်လိဂ် (၁)နှင့် (၂)၊ သက်တမ်းအလိုက် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ၊ ဖူဆယ်လိဂ် (၁)နှင့် လိဂ် (၂)၊ သက်တမ်းအ လိုက် လက်ရွေးစင်ဖြစ်ခဲ့ဖူးသူများ၊ လက်ရွေးစင်များ၊လက် ရွေးစင်ဟောင်းများ ဝင်ရောက်ကစားခွင့် ပြုမည်မဟုတ်ကြောင်း အသိပေးချက်တွင် ဖော်ပြထားသည်။

MFF Futsal Amateur Cup 2024 ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်တက်ရောက်ခွင့် ရရှိသော အသင်းများအနေဖြင့် MFF Futsal Championship 2024 ပြိုင်ပွဲကို ဝင်ရောက်ယှ ဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ပြီး MFF Futsal League II 2024 ပြို င်ပွဲသို့ ဝင်ရောက်ကစားနိုင်မည့် အခွင့်ရေးရရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here