မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် မီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး မီးသင့်ဆုံးရှုံး

0
158

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ယ နေ့ မေ(၂၄)ရက် နံနက်ပိုင်းအချိန်က မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်နှစ်လုံး မီးသင့်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ မီးလောင်မှုမှာ တစ်နာရီခန့်ကြာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး စတင်လောင် ကျွမ်းသည့် နေအိမ်နှင့် ဘေးချင်းကပ်ရှိ နေအိမ်တစ်လုံးတို့ မီးသင့်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

” ချက်ပြုတ်တဲ့နေရာက မီးကြွင်းမီးကျန်ကနေ စလောင်တာလို့ သိရတယ်။ စလောင်တဲ့ အိမ်ကတော့ သစ်သားအိမ်ဆိုတော့ အကုန် ကုန်တယ်။ သူ့ဘေးက ကပ်လျှက်အိမ်ကတော့တိုက်ခံအိမ်ဆိုတော့ မီးကူးပြီးလောင်တယ်။ ပြာကျသွားတဲ့အထိတော့ မဟုတ်ဘူး “၎င်း က ပြောသည်။

မီးလောင်ပြင်သို့ မြစ်ကြီးနားမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိ မ်းသတ်ယာဉ်နှစ်စီးနှင့် အထောက်အကူပြု ယာဉ်တစ်စီးတို့ဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မီးလော င်မှု အကြိမ် (၂၀) ခန့်ဖြစ်ပွားခဲ့ပြီး အများစုမှာ လျှပ်စစ်မီးကြောင့်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဌာနဦးစီးဌာန၏ အချ က်အလက်များအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here