မြိတ်တွင် မုန်တိုင်းသတင်းကြောင့် ကမ်းရိုးတန်းသွားခရီး သည်တင်ရေယာဉ်များအပါအဝင် မည်သည့်ရေယာဉ်မှ ထွ က်ခွာခွင့်မပြု

0
248

တနင်္သာရီတိုင်း၊မြိတ်မြို့တွင် မုန်တိုင်းသတင်းကြောင့် ကမ်း ရိုးတန်းသွား ခရီးသည်တင်ရေယာဉ်များ အပါအဝင် ကုန်တ င်စက်လှေများ၊ အပျော်စီးရေယာဉ်များကို ယမန်နေ့ မေ (၂ ၃) ရက် မှစတင်၍ ထွက်ခွာမောင်းနှင်ခွင့် လုံးဝ(လုံးဝ) မပြုကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေးညှန်ကြားမှု ဦးစီးဌာနက အသိပေးထားသည်။

အဆိုပါ ရေကြောင်း ထွက်ခွာခွင့် အသိပေးချက်အား မြိတ်မြို့ အမြန်ရေယာဉ်စစ်ဆေးရေးအဖွဲ့ ၊ မြန်မာ့ဆိပ်ကမ်း အာ ဏာပိုင်အဖွဲ့၊ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီ၊ ကမ်းရိုးတန်းသွားအမြန် ရေယာဉ်ပိုင်ရှင်များနှင့် Speed Board ကြီးကြပ်ရေးအဖွဲ့ တို့အား  အ သိပေးထားပြီးဖြစ်ကြောင်း သိရသည်။

မိုးဇ/လက ယမန်နေ့ မေ (၂၃) မွန်း လွဲ(၂)နာရီအချိန်က မိုး လေဝသဦးစီး ဌာန၏ မြန်မာ့ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဆိုသည့် သတိပေးချက်ထုတ်ပြန်ပြီး ထွက်ခွာမောင်းနှင်ခွင့်အား အရေးပေါ် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ် ဖြစ်ပေါ်နေပြီး ယနေ့‌ မေ(၂၄)ရက် နံနက်ပိုင်းမှစ၍ မေ(၂၇) ရက်နေ့အထိ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင် အပါအဝင် ဒေသ (၁၃) ခု၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းကာ အချို့နေရာများတွင် ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေ ကြီးပြီး မြေပြိုခြင်းစသည့် သဘာဝဘေးအန္တ ရာယ်များ ဖြစ်ပေါ် နိုင်‌ကြောင်း သတိပေးထားသ ည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုကြိုတင်သတိထားရန်၊ မြစ်ငယ်၊ ချော င်းငယ်အနီးမှာ နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံခြင်းကို ကြိုတင်သတိပြုဖို့နှင့်  မြန်မာ့ကမ်းရိုးတန်းတလျှော က် ကမ်းလွန်ပင်လယ်ပြင်များတွင်  ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောများကြိုတင်သတိပြုသွားလာရန် တို က်တွန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here