အောင်မြေသာစံမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားရာ Level 1 အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရ 

0
280

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ နေအိမ် တစ်အိမ် မီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် Level 1 အဆ င့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။ 

ယနေ့ မေလ (၂၄) ရက်၊ နံနက် (၁၀)နာရီ (၅၉)မိနစ် အချိန်က အောင်မြေသာစံမြို့နယ်၊ (၇၆) လမ်းနှင့် (၂) လမ်းကြားတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ငြှိမ်းသတ်ရာ မီးများသဖြင့် Level 1 ယာ ဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး နံနက် (၁၁)နာရီ (၁၁)မိနစ် အချိန် မီးထိန်းနိုင်ခဲ့ကာ နံနက် (၁၁)နာရီ (၁၃)မိနစ်အချိန်တွ င် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် အကြောင်းအရင်း ဆုံးရှုံးမှုတန် ဖိုး အသေးစိတ်ကို မီးသတ်တပ်ဖွဲ့မှ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here