ယနေ့ မေ(၂၃) နံနက်ပိုင်းအချိန်၌ ဘီးလင်းမြို့နယ်၊ ရွှေရော င်ပြကျေးရွာအုပ်စု ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဒေသတွင်းခရီး သွားများ ဒေါင်းရပ်နှင့် မိုးကောင်းလမ်းခွဲကို အသုံးပြုသွား လာနေကြောင်း ဘီးလင်းမြို့နယ် ရွှေလင်းယုန် လူမှုကယ်ဆယ်ရေးဉက္ကဋ္ဌ ဦးအောင်ကြည်က ပေါ်ပြူလာနယူးစ်သို့ ပြောသည်။
အဆိုပါ လမ်းပိုင်းသည် ဘီးလင်းတိုးဂိတ်ဟောင်းမှ နှစ်ဖာ လုံအခန့်အကွာတွင်ရှိသော ဒေါင်းရပ်လမ်းခွဲအတွင်းမှ မော င်းနှင်ရမည်ဖြစ်ကာ တစ်ဘက်တွင် သထုံမြို့နယ် မိုးကောင်းလမ်းခွဲမှတဆင့် ရန်ကုန်-မော်လမြိုင် လမ်းမကြီးပေါ်သို့ ပြန် လည်ရောက်ရှိမည်ဖြစ်ကြောင်း ဆိုသည်။
“မော်လမြိုင်ဘက်ကနေ လာမယ်ဆိုရင် သထုံ – မိုးကောင်းလမ်းခွဲကဝင်၊ ဒေါင်းရပ်ဆိုတာ အရင် တိုးဂိတ်ဟောင်းနားမှာရှိတယ်။ ဒေါင်းရပ်ရွာကနေထွက်။ ရန်ကုန်ဘက်က လာမယ်ဆိုရင် ဒေါင်းရပ်ကဝင်ပြီး မိုးကောင်းလမ်းကို ပြန်လာထွက်။ အဲဒီစနစ်နဲ့ သုံးနေတယ်။ လမ်းပိုင်းကတော့ ဟိုဘက်ဒီဘက် မပိတ်ဘူးဆိုရင် မိနစ် (၂၀)လောက်ပဲ သွားရမယ်။ အများဆုံး နာရီဝက်လောက်ကြာနိုင်တယ်။ လမ်းပိတ်နေရဆင်တော့ နှစ်ရက်ကနေ သုံးရက်အထိတောင် ကြာနိုင်တ ယ်” ဟု ၎င်းကရှင်းပြသည်။
ဒေါင်းရပ်နှင့် မိုးကောင်းယာယီလမ်းပိုင်းသည် (၁၀)ဝန်းကျင်ခန့်သာရှိပြီး ယခုအခါတွင် ယင်းလမ်းပိုင်းမှ ခရီးသည်တင်ကားကြီးများ၊ အိမ်စီးကားနှင့် ကုန်တင်ယာဉ်များပါ ဖြတ်သ န်းမောင်းနှင်နေကာ လမ်းပိတ်ဆို့ခြင်း မရှိသေးကြောင်း ဆို သည်။
“ လမ်းကကျဉ်းတယ်။ နောက်ပိုင်းတော့ ဟိုဘက်ဒီဘက်ကားတွေကို စနစ်တကျနဲ့ တန်းစီလွတ်ရင်လွှတ် မဟုတ်ရင်တော့ ခေါင်းချင်းတွေဆိုင်ပြီး လမ်းပိတ်နိုင်တယ်”ဟု ဆိုသ ည်။
လက်ရှိတွင် မစောတံတားအား ပြန်လည်ပြုပြင်ရန် ရွှေသံလွ င်ကုမ္ပဏီဘက်မှ ပစ္စည်းများ ရောက်ရှိနေပြီး ပြုပြင်ရန်စီစဉ်လျှက်ရှိကြောင်းသိရသည်။
မေ(၁၁)ရက် နံနက် အစောပိုင်းကလည်း ဘီလင်းမြို့အတွက် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတား ဒုတိ ယအကြိမ် မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင်း ဒေသတွင်း ကုန် စည်စီးဆင်းမှု ပြတ် တောက်ခဲ့ရသေးသည်။
ပုံစာ – ၂၃ ရက်နေ့ နံနက်အစောပိုင်းက မစောတံတားပျက်စီးသွားသည့်မြင်ကွင်း