သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးကို ဦးဆောင်မယ့် စမိုင်း

0
276

smile-2

သရုပ်ဆောင် စမိုင်း ဦးဆောင်ပြီး ကျင်းပပြုလုပ်မယ့် သက်ငယ်မုဒိမ်းမှု ကာကွယ်ရေးအကြောင်း ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ည ၇ နာရီအထိ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ပြုလုပ် ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ စမိုင်း၊ ဆန်းထွဋ်တို့နဲ့အတူ ဥပဒေပိုင်းဆိုင်ရာမှာ ပြောကြားပေးမယ့်သူများက အဓိကဆွေးနွေးသွားခဲ့ပြီး အခြားအနုပညာရှင်များစွာတို့ကလည်း ကလေးများအတွက် အားပေးဖြေသိမ့်စကားများ ပြောကြားပေးသွားခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ဦးဆောင်ပြုလုပ်တဲ့ စမိုင်းက..

” အစ်မကတော့ ကလေးနှစ်ယောက် အမေလည်းဖြစ်နေတယ်။ ပြီးတော့ ကိုယ်မွေးထားတာကလည်း သမီးလေးတွေဖြစ်နေတော့ သမီးလေးတွေအတွက်ကို အစ်မက မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုကာကွယ်သင့်လဲ၊ ပြီးတော့ ဘယ်လိုစောင့်ရှောက်သင့်လဲပေါ့။ အခုဟာက ဖြစ်နေတာ တအားများ နေတော့ ကာကွယ်ဖို့နည်းလမ်းပြောပါဆိုရင်တော့ အပြစ်လုပ်ပြီးသွားမှ ဟိုလူ့ကိုလွှဲချ ၊ ဒီလူ့ကိုလွှဲချလို့မရဘူး။ မဖြစ်ခင်မှာ သားသမီးတွေကို မိဘတွေကိုယ်တိုင်ကလည်း စောင့်ရှောက်ထားမှရမှာပါ။ အစ်မတို့ ဒီ ဆွေးနွေးပွဲမှာ အဓိကပြောတာတွေက သက်ငယ်မုဒိမ်းမှုအတွက် လူတွေသိအောင်၊ ဘယ် လိုကာကွယ်ရမယ်ဆိုတာ၊ ပြီးတော့ ဖြစ်ပြီးသွားရင်ကော ဘာတွေလုပ်သင့်လဲဆိုတဲ့ဟာလေးတွေကို ဆွေးနွေးတာပါ။ နောက်ထပ် အဓိကပေးချင်တဲ့ မက်ဆေ့ခ်ျက မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ဖို့ရယ်၊ ဖြစ်ပြီးသွားရင် ကြောက်ပြီးတော့ မနေဖို့ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားခဲ့ရင် ရုံးတွေဂတ်တွေမှာ ပြောရမှာတွေ၊ ကိုယ့်အတွင်းရေးသူများသိမှာ ကြောက်တာနဲ့ ဃကူအကမန အရ ဖြစ်နေတာတွေကို အဲဒီလိုမျိုးမဖြစ်စေချင်ဘူး။ တစ်ခါတည်း တိုင်ပင်စေ ချင်တယ်။ ကာယကံရှင်က ကလေးတွေဖြစ်တဲ့အတွက် ကလေးကဖြစ်ခဲ့ရင် မိဘတွေက ဦးဆောင်ပြီးတော့ ဒါကို မကြောက်ဘဲ အကြောက်တရားကို တွန်းလှန်ရင်ဆိုင်ဖို့ အဓိကပြောချင်ပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here