ဟနွိုင်းမီးကြောင့် ၁၄ ဦးသေ၊ ၃ ဦးဒဏ်ရာရ

0
243

ဟနွိုင်း၊မေ ၂၄

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့လယ် ​ေခါင်ရှိ တိုက်တန်းလျားတစ်ခု မီးလောင်ကျွမ်းမှုကြောင့် လူ ၁၄ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ အရသိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၃၀ မိနစ်တွင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကာ မီးလောင်မှုကြီးမားပြီး ပေါက်ကွဲမှုများပါဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရသည်။

နံနက် ၆ နာရီ ၂၀ မိနစ်အချိန်အထိ သေဆုံးသူ ၁၄ ဦးရှိကာ ဒဏ်ရာရရှိသူ ၃ ဦးရှိပြီး မီးမလောင်မီ အခန်းထဲ၌ လူမည်မျှရှိနေသည်ကို ရှင်းရှင်းလင်းလင်းမသိရသေး​ပေ။

မီးလောင်မှုဖြစ်ပွားရာနေရာသည် အခန်းငှားသည့်နေရာဖြစ်ပြီး စုစုပေါင်း ၁၂ ခန်းအထိရှိကြောင်းလည်းသိရသည်။ ပတ်ဝန်းကျင်၏ပြောကြားချက်အရ ပထမအထပ်သည် လျှပ်စစ်စက်ဘီးများ ရောင်းဝယ်ပြင်ဆင်သည့်နေရာဖြစ်သည်။

ယခုမီးလောင်ရသည့်အကြောင်းရင်းကို ကွဲကွဲပြားပြားသိရှိနိုင်ရန် သက်ဆိုင်ရာအာဏာပိုင်များက စုံစမ်းနေကြောင်းလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Source : ဝိုင်ယို


LEAVE A REPLY

Please enter your comment!
Please enter your name here