ပါပူးဝါးနူးဂီနီ၌ မြေပြို၊ လူများရာချီ​ေ-သဆုံးမည်ကိုစိုးရိမ်ရ

0
184

ပါပူးဝါး နူးဂီနီ နိုင်ငံမြောက်ပိုင်းရှိ ဝေးလံခေါင်းပါးသည့်နေရာတစ်ခု၌ မြေပြိုသဖြင့်နေအိမ်ဒါဇင်ပေါင်းများစွာပြိုကျကာ လူအများအပြား အရှင်လတ်လတ် ေမြမြုပ်ကာ​ေ-သဆုံးခဲ့ကြောင်းသိရသည်။

လူအများအိပ်မောကျနေချိန် နံနက် ၃ နာရီအချိန်ခန့်က မြေပြိုခဲ့သဖြင့် သေဆုံးမှုများပြားခဲ့ပြီး အိမ်အလုံး ၅၀ ပိတ်မိကာ လူ ၃၀၀ နီးပါးသေဆုံးသွားကာ‌ သေဆုံးသူများအနက် ၎င်း၏အစ်ကိုနှင့်ဝမ်းကွဲလည်းပါဝင်သွားကြောင်း ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

သို့သော် သြစတြေးလျ အသံလွှင့်  ကော်ပိုရေးရှင်း နှင့် အခြားပြည်တွင်းမီဒီယာများကမူ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းထုတ်ပြန်ခဲ့ပြီး ကလေးနှစ်ယောက်ကို ကယ်တင်ရန် နောက်ကြောင်းပြန်လှည့်လာသည့် အမျိုးသားတစ်ဦးသည်လည်း ၎င်းမိသားစုနှင့်အတူနစ်မြုပ်သွားကြောင်းသိရသည်။

ပါပူးဝါးနူးဂီနီဝန်ကြီးချုပ်ကမူ ‌အသေးစိတ်အချက်အလက်ကို မထုတ်ပြန်နိုင်သေးသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများ ကို ထိထိရောက်ရောက်ဆောင်ရွက်ရန်ညွှန်ကြားထားပြီး အပျက်အစီးနှင့်သေဆုံးမှုစာရင်း ကို အတိအကျသိရပါက ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here