အိန္ဒိယ၌ ပြင်းထန်သည့်အပူလှိုင်းကြောင့် လူကိုးဦးသေဆုံး

0
177

နူးဒေလီ၊မေ ၂၄

အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်၌ ပြင်းထန်သည့်အပူလှိုင်းဖြတ်မှု‌ကြောင့်  လူကိုးဦး အပူရှပ်ကာသေဆုံးခဲ့ကြောင်းသိရပြီး ဆက်လက်၍လည်း အပူဒဏ်မြင့်တက်နိုင်ကြောင်းခန့်မှန်းထားကြသည်။

အိန္ဒိယနိုင်ငံ၏ နွေရာသီအပူချိန်သည် ပုံမှန်အားဖြင့်မေလ၌သာအမြင့်ဆုံးဖြစ်သော်လည်း သိပ္ပံပညာရှင်များကမူ ယခုနှစ်အတွက် မုတ်သုံမိုးထစ်ချုန်းစွာရွာသွန်းမှုနည်းပါးခြင်းကြောင့် ယခုနှစ်တွင် ပုံမှန်ထက် အပူလှိုင်းရက်များ ပိုမိုဖြစ်ပွားနိုင်သည်ဟုခန့်မှန်းထားကြသည်။

ရာဂျက်စ်သန်၌ လူကိုးဦးသေဆုံးမှုမှာ အပူရှိန်များခြင်းကြောင့် ဖျားနာခြင်းမျိုးဖြစ်နိုင်သည်ဟု သံသယရှိကြောင်း ဒေသခံမီဒီယာကများပြောကြားခဲ့သည်။

သို့သော် ကျန်းမာရေးစစ်ဆေးမှုများမပြီးပြတ်သေးသဖြင့် အကြောင်းရင်းကို အတိအကျမသိရသေးကြောင်းလည်း ပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိများကဆိုသည်။

ဆက်လက်၍လည်း ပန်ဂျပ်ပြည်နယ်နှင့်ဟာရာနာပြည်နယ်အပါအဝင် ပြည်နယ်အချို့၌ အပူလှိုင်းဖြတ်မှုမှ ပြင်းထန်အပူလှိုင်းအဆင့်အထိတက်ရောက်လာနိုင်ခြေရှိကြောင်းလည်း မိုလေဝသဌာနမှတာဝန်ရှိသူများကသတိပေးချက်ထုတ်ပြန်ထားသည်။

Source : ရိုက်တာ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here