ဖိလစ်ပိုင်၌ တိုင်ဖွန်းကြောင့် ၇ ဦးသေဆုံးကာ ထောင်ချီ၍အိုးမဲ့ အိမ်မဲ့ဖြစ်

0
175

မနီလာ၊မေ ၂၈

ဖိလစ်ပိုင်နိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးနောက် ရေကြီးခြင်းနှင့်သစ်ပင်ကျိုးကျခြင်းများကြောင့် မုန်တိုင်းအစဲ၌ လူ ၇ ဦးသေဆုံးကာ ထောင်နှင်ချီ ေသာလူများသည်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

အဆိုပါမုန်တိုင်းကြောင့် လေဆိပ်များနှင့် ဆိပ်ကမ်းများလည်းပိတ်ထားရပြီး ခရီးသည်ပေါင်းများစွာသည် သောင်တင်နေကြကြောင်းလည်းသိရသည်။

တိုင်ဖွန်း Ewiniar သည် သောကြာနေ့ညနှောင်းပိုင်းတွင် နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖိလစ်ပိုင်ကျွန်းစုများပေါ်တွင် ရက်အတော်ကြာကြာဆက်လက်ရွေ့လျားကာ ကျွန်းစု၏ အရှေ့မြောက်ဘက်သို့ ရွေ့လျားသွားခဲ့သဖြင့် မုန်တိုင်းသတိပေးချက်အားလုံးကိုရုတ်သိမ်းခဲ့သည်ဟုလည်းသိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ရေစီးနှင့်မြောပါသေဆုံးသူခြောက်ဦးအထိရှိခဲ့သကဲ့သို့ ညီမဖြစ်သူကို ဆိုင်ကယ်နှင့် ကျောင်းလိုက်ပို့သည့် ဒေသခံတစ်ဦးမှာလည်း သစ်ပင်ကျိုးပြီးသစ်ကိုင်းပိသဖြင့် အသက်ဆုံးရှုံးခဲ့ရသည်ဟုသိရှိရသည်။

ဖိလစ်ပိုင်ကို တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း အခု ၂၀ နီးပါးဝင်တိုက်ခတ်လေ့ရှိပြီး ရံဖန်ရံခါ ငလျင်ဘေးနှင့် မီးတောင်ပေါက်ကွဲမှုများ ကြောင့်သဘာဝဘေးအဖြစ်များသည့် ကျွန်းနိုင်ငံတစ်ခုလည်းဖြစ် နေသည်။

၂၀၁၃ ခုနှစ်ကတိုက်ခတ်ခဲ့ပြီး စံချိန်တင်အပြင်းထန်ဆုံးဖြစ်သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ယန်ကြောင့် လူပေါင်း ၇,၃၀၀ ကျော် သေဆုံးမှုနှင့်ပျောက်ဆုံးမှုများဖြစ်ပေါ်ခဲ့ကာ ရွာများအားလုံးလည်း ပျက်စီးစေခဲ့ပြီးနောက် သင်္ဘောများပါကုန်းတွင်းပိုင်းသို့ မျောပါသွားခဲ့သည်။အဆိုပါမုန်တိုင်းကြောင့်ပင် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းတွင် လူပေါင်း ၅ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ဘူးသည်ဟုလည်းသိရသည်။

Source : အေပီ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here