ချက်သမ္မတ ဆိုင်ကယ်စီးရင်း ဒဏ်ရာရသဖြင့် ဆေးရုံတက်ကုသ

0
131

ချက်သမ္မတ Petr Pavel သည် မော်တော်ဆိုင်ကယ်စီးနင်းရင်း ဒဏ်ရာရရှိခဲ့သော်လည်း ပြင်းထန်မှုမရှိကြောင်း ၎င်း၏ သမ္မတရုံးက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“သမ္မတဟာ သူ့ဆိုင်ကယ်ကို စီးရင်း ဒဏ်ရာရသွားတယ်” ဟု သမ္မတရုံးက ဆိုရှယ်မီဒီယာပလပ်ဖောင်း X တွင် ပြောကြားခဲ့သည်။ ဒဏ်ရာများမှာ မပြင်းထန်သော်လည်း ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူထားက အချိန်တိုအတွင်း စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်သည်။

သမ္မတသည် သူ၏ BMW R1200 GS အမျိုးအစား ပြိုင်ပွဲဝင်ဆိုင်ကယ်ကိုစီးနင်းနေစဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်မတော်တဆမှုမဟုတ်ကြောင်းနှင့် ထို့ကြောင့် ဆက်လက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်မလိုအပ်ကြောင်း ရဲဌာနကပြောသည်။

အသက် ၆၂ နှစ်အရွယ် ချက် တပ်မတော်အကြီးအကဲဟောင်းနှင့် နေတိုးအဆင့်မြင့်အရာရှိဟောင်း Pavel သည် သမ္မတရာထူးတာဝန်ကို ယမန်နှစ်က စတင်ထမ်းဆောင်ခဲ့ပြီး သူ၏ဝါသနာဖြစ်သော ပြိုင်ပွဲဝင်မော်တော်ဆိုင်ကယ်စီးနင်းခြင်းကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here