ထိုင်းနှင့်မြန်မာဓလေ့မကွာ

0
170

ထိုင်းနှင့်မြန်မာတို့ အကြားယုံကြည်ကိုးကွယ်မူများ တူညီနေသည့်သဘာဝများကိုတွေ့ရမည်ဖြစ်သည်။

ဘန်ကောက်မှကားဖြင့်သွားလျှင် တစ်နာရီခွဲ မောင်းရသော Chachoengsao ဒေသ၊Bang Kaeo မြို့နယ် တွင် ကျိုက်ထီးရိုးပုံတူ ရှိသည်။

ချင်းမိုင်ရှိ Ganesha Shrineတွင်လည်း ဗိုလ်တစ်ထောင်ဘိုးဘိုးကြီးနှင့်အမတော်မြနန်းနွယ်တို့၏ပုံတူရုပ်ထုများရှိလေသည်။ထိုပရဝုဏ် တွင် ဟိန္ဒူနတ်ဘုရားများ၏ပုံတော်များလည်းရှိသည်။

ချင်းမိုင်သည်ယခင်က ဇင်းမယ်နယ်ဖြစ်သဖြင့် စစ်စခန်းချခဲ့သည့်မြန်မာများတည်ထားခဲ့သော မြန်မာ
ကမ္မည်းထိုးစေတီလေးများလည်း ရှိသည်။

ထိုင်းလူမျိုးတို့သည် ရွှေမော်ဓေါ၊ကျိုက်ထီးရိုးနှင့် ဗိုလ်တထောင်ဘိုးဘိုးကြီးကို အလွန်အလေးထားကြပြီး မြန်မာပြည်ခရီးစဉ်တွင် ထိုနေရာများ မထည့်မဖြစ်ပါဝင်လေသည်။

ထို့အတူ မင်္ဂလာဒုံ ကျိုက်ကလို့စေတီတော်မြတ်ကြီးတွင်လည်း ဘုရင့်နောင်၏ကြင်ယာတော် ထိုင်းမင်းသမီး ပရာဆုပန်ကလျာ ရှိနေသည်ဟု ယုံကြည်ကြကာ ပုံတူများလာရောက်လှူဒါန်းထားသည်လည်းရှိသည်။

ဘန်ကောက်မှ ၂နာရီခန့်မောင်းလျှင်ရောက်သည့် နခွန်နရုပ် တွင်လည်း နဂါးများကိုအနုပညာစွမ်းပြထားသည့် Wat Maneewong ဘုရားကျောင်းရှိသည်။ မြန်မာဘုရားဖူးများအလာများသဖြင့် လမ်းညွှန်ဆိုင်းဘုတ်များသည်ပင်လျှင် ထိုင်း၊မြန်မာ နှစ်ဘာသာရေးထိုးထားရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here