မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးတွေ့ဆုံ

0
361

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယမန်နေ့က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးတက်စေရေးအတွက် ကုန်သွယ်မှုတွင် ဘင်္ဂလားဒေ့ရှ် တာကာ/ မြန်မာကျပ်တို့နှင့် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်ရန်နှင့် ကုန်သွယ်မှုကို အထောက်အကူပြုသည့် ဘဏ်လုပ်ငန်းကဏ္ဍအား ထပ်မံအဆင့်မြှင့်တင်ဆောင်ရွက်ရန်တို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here