ထိုင်ဝမ်တင်းမာမှုအပြီး တရုတ်နှင့်ကန် ကာကွယ်ရေး ဝန်ကြီးတို့တွေ့ဆုံမည်

0
279

ဝါရှင်တန်၊မေ ၂၅

ထိုင်ဝမ်သမ္မတသစ်၏ ကျမ်းကျိန်ပွဲအပြီး၌ အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့ တွေ့ဆုံကြမည်ဖြစ်ကြောင်းသိရသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက တရုတ်နိုင်ငံသည် ထိုင်ဝမ်ကို စစ်သင်္ဘောများ၊တိုက်လေယာဉ်များဖြင့် ဝန်းရံလေ့ကျင့်ကာ ကျွန်းကို သိမ်းပိုက်နိုင်ခြေရှိမရှိစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့သည်။ ထိုင်ဝမ်၏ဒီမိုကရေစီကို အကာအကွယ်ပေးမည်ဟု ကတိပြုခဲ့သော သမ္မတ လိုင်ချင်တီ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးတွင်စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။

သမ္မတဘိုင်ဒင်အစိုးရသည် တရုတ်နှင့်ဆက်ဆံရေးပြေလည်စေရန် ကြိုးပမ်းနေသကဲ့သို့ ပြီးခဲ့သည့်လကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တရုတ်သို့လာရောက်ခဲ့သဖြင့် ယခုတစ်ကြိမ် ကာကွယ်ရေးဝန်ကြီးများ၏တွေ့ဆုံမှုကိုလည်း ထိရောက်မှုရှိစေရန်မျှော်လင့်ထားကြောင်းသိရသည်။

ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်သည် တရုတ်မှတစ်ဆင့် ကမ္ဘောဒီးယားသို့လည်း ဆက်လက်သွားရောက်မည်ဖြစ်ကာ အာဆီယံကာကွယ်ရေးဝန်ကြီးများနှင့်ပါတွေ့ဆုံဆွေးနွေးကာ ပြင်သစ်သို့ဆက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Source : အေအက်ဖ်ပီ/အမ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here