သံလျင်မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ များကို စိတ်ဝင်စားသူ မြင့်တက်နေပြီး သံလျင်တံတားပြီးပါက ဈေးကွက်ပိုကောင်းလာမည်ဟု ခန့်မှန်း

0
182

လတ်ရှိတွင် ရန်ကုန်မြို့တစ်ဘက်ကမ်း သံလျင်မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေများကို စိတ်ဝင်စားသူ မြင့်တက်နေပြီး သံလျင်တံတားပြီးပါက ဈေးကွက်ပိုကောင်းလာမည်ဟု ခန့်မှန်းထားကြောင်း သံလျင် အိမ်၊ခြံ၊ မြေ ရောင်းဝယ်ရေး အသိုင်းအဝိုင်းမှသိရသည်။

“လက်ရှိအခြေအနေက အဝယ်လိုက်တယ်။ တချို့ကျတော့ဈေးကွက်အခြေအနေ လာကြည့်တာရှိတယ်။ တကယ်ဝယ်သွားတဲ့သူလည်းရှိတယ်။ အချို့အရောင်းအဝယ်အဝယ်တွေမှာ ဈေးတွေပြောင်းကုန်တာလည်းရှိတယ်။ ပြီးတော့တစ်နေ့တည်းမှာ ဈေးတွေပြောင်းကုန်တာလည်းရှိတယ်။ တက်နေတဲ့ ဈေးလေးတွေ ကမောက်ကမဖြစ်သွားတာလည်းရှိတယ်ပေါ့။ ဈေးအပြောင်းအလဲကြောင့်ပေါ့နော်။ အဓိကလမ်းပန်း ဆက်သွယ်ရေးပေါ့။ ရန်ကုန်နဲ့ သံလျင်က တံတားပိတ်နေတဲ့အချက်ပေါ့။ အဲဒီအချက်လေးက နည်းနည်းအဆင်ပြေသွားလိမ့်မယ်ဆိုရင် မြေကွက်ဈေးကမှန်းထားတဲ့ ဈေးကို ရလိမ့်မယ်ဗျ။ ဒီလက သံလျင် အိမ်၊ ခြံ၊ မြေကို လူစိတ်ဝင်စားမှုမြင့်တက်လာသလို ရောင်းအားဝယ်အား ကောင်းပါတယ်” ဟု သန်လျင်မြို့နယ်ရှိ အိမ်၊ ခြံ၊ မြေ အကျိူးဆောင်တစ်ဦးကပြောသည်။

ပြီးခဲ့သည့် လများအတွင်း အရောင်း၊ အဝယ် အေးနေခဲ့သော်လည်း ယခုလအတွင်း ပြန်လှုပ်လာခဲ့ခြင်း ဖြစ်ကာ မိုးရာသီကာလတွင် အရောင်း၊ အဝယ် ကောင်းနေမည်ဟု မျှော်လင့်ထားကြကြောင်း သိရသည်။

“မိုးတွင်းကတော့ အရောင်း၊ အဝယ်တော်တော်များများဖြစ်တတ်တယ်။ မိုးတွင်းဆင်းတာ အကောင်းဆုံးပဲ။ ရေဝပ်၊ မဝပ် သိရတာပေါ့။ တချို့အချက်လေးတွေက မိုးတွင်းကျမှအဖြေပေါ်တာ။ မြေပြင်အနေအထားက ဆင်းလာလိမ့်မယ်၊လက်တလော ထိပ်မှာပြေးနေတာကတော့ သံလျင်အောင်ချမ်းသာ ရပ်ကွက်နဲ့ အမှုထမ်း ရပ်ကွက်ပေါ့။ အဲဒီဘက်အရောင်းအဝယ် တော်တော်များများဖြစ်တယ်” ဟု ၎င်းကဆက်လက်ရှင်းပြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here