ဆိုင်ကလုန်း ရီရ်မဲလ် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယကို ဝင်ရောက်တိုက်ခတ်နေပြီး လူသန်းချီ လျှပ်စစ်ဓါတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်ရ

0
376
People gather along the sea shore amid rainfall in Kuakata on May 26, 2024, ahead of cyclone Remal's landfall in Bangladesh. - Cyclone Remal is set to hit the country and parts of neighbouring India on May 26 evening, with Bangladesh's weather department predicting crashing waves and howling gales with gusts of up to 130 kilometres (81 miles) per hour. (Photo by Munir UZ ZAMAN / AFP)

အားပြင်း ဆိုင်ကလုန်းမုန်တိုင်း ရီရ်မဲလ်ဟာ တနင်္ဂနွေနေ့မှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့မှုကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းတိုက်ခတ်မှုတွေနဲ့ မိုးသဲထန်စွာရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

မုန်တိုင်း လေပြင်းတွေကြောင့် ဓါတ်တိုင်တွေ လဲကျခဲ့သလို သစ်ပင်တွေလည်း အမြစ်ကကျွတ်ပြိုလဲမှုတွေဖြစ်ခဲ့ပြီး လူ သန်းနဲ့ချီကာ လျှပ်စစ်ဓါတတ်အားပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းဒေသ Mongla ဆိပ်ကမ်းနဲ့ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်းစုတို့ကနေ ကုန်တွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ ၈၄ မိုင်ရှိခဲ့တယ်လို့ အိန္ဒိယ မိုးလေဝသဋ္ဌာန(IMD) က ပြောဆိုပါတယ်။

အိန္ဒိယစံတော်ချိန် တနင်္ဂနွေနေ့ည ၉ နာရီမှာ မုန်တိုင်းကုန်တွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီး နောက်ထပ်ငါးနာရီကြာအထိ ဆက်လက်တိုက်ခတ်ခဲ့တယ်လို့ ကိုးလ်ကာတားရှိ ဒေသဆိုင်ရာ မိုးလေဝသရုံးက ပြောဆိုပါတယ်။

အဓိကမြို့ကြီးတစ်မြို့ဖြစ်တဲ့ ကိုးလ်ကာတားမှာ မုန်တိုင်းအထွတ်အထိပ်ကာလအတွင်း ကွန်ကရစ်တုံးတွေပြိုကျခဲ့မှုကြောင့် လူ တစ်ဦး ‌ေ-သဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ နှစ်နိုင်ငံစလုံးရဲ့ ကမ်းရိုးတန်းဒေသတွေမှာ သက်ကယ်တဲတွေနဲ့ ရွှံ့သားအိမ်တွေ ပျက်စီးမှုဖြစ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ပမာဏကို တွက်ချက်ဖို့ရာ အာဏာပိုင်တွေ စောင့်ဆိုင်းနေကြပါတယ်။

ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန်မြင့်တက်မှုနဲ့အတူ မကြာခင်နှစ်တွေအတွင်း တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေရဲ့ ကမ်းရိုးတန်းမြေနိမ့်ဒေသတွေဟာ အားပြင်းမုန်တိုင်းတွေ မကြာခဏ ဝင်ရောက်တိုက်ခတ်မှုတွေ ကြုံခဲ့ရပါတယ်။

ရီရ်မဲလ်ဟာ ဒေသတွင်းအတွက် ဒီနှစ်ရဲ့ ပထမဆုံး ဆိုင်ကလုန်းဖြစ်ပါတယ်။

Ref:MSM


LEAVE A REPLY

Please enter your comment!
Please enter your name here