မစောတံတား မြေသားလမ်းလွှဲမှနေ၍ ကားကြီးများကို ဖြတ်သန်းမောင်းနှင်ခွင့်ပြု

0
200

မွန်ပြည်နယ်၊ ဘီးလင်းမြို့အနီး၊ ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ မစောတံတား မြေသားလမ်းလွှဲမှ နေ၍ ကားကြီးများကို ဖြတ်သန်းမောင်းနှင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

မစောတံတား မိုင်းခွဲခံရပြီးနောက် ကားကြီးများ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ယာယီမြေသားလမ်းလွှဲကို ဆောင်ရွက်ခဲ့ရာ ယနေ့ မေလ (၂၇)ရက် နံနက် (၆)နာရီမှ စတင်၍ ယာဉ်ကြီးများကို သွားလာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဘီးလင်း ကျုံအိတ်တံတားနဲ့ မစောတံတားမှာ ပြုပြင်နေတဲ့ မြေသား လမ်းလွှဲကနေ မောင်းနှင်ဖို့ ကားတွေကို နာရီဝက်စီခြားပြီး သွားခွင့်ပြုထားပါတယ်”ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ မစောတံတားမှာ မိုင်းခွဲခံရပြီး တံတားတစ်ခြမ်းပျက်စီးသွားခဲ့ရာ ပျက်စီးခြင်းမရှိသော တံတားဘက်ခြမ်းမှ ကားငယ်များကို ဖြတ်သန်းခွင့်ပြုခဲ့ပြီးနောက် ယနေ့ မေ (၂၇)ရက်တွင် မိနစ် ၃၀ ကြား တစ်ခါ အလှည့်ကျဖြတ်သန်းခွင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မစောတံတားမှာ အရှည်ပေ (၁၀၀) ကျော်၊ အကျယ် (၂၄) ပေရှိပြီး တံတား အောက်ခြေပိုင်းမှ မိုင်းခွဲခံရခြင်းကြောင့် တံတားတစ်ခုလုံးနီးပါး ပြိုကျပျက်စီးခဲ့ကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here