နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မွေးမြူရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးမည်

0
165

လာမည့်ဇွန်လတွင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၉)ခုရှိ မွေးမြူရေးလုပ်ငန်းများကို ချေးငွေထုတ်ချေးသွားမည်ဖြစ်ကြောင်း နေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

နေပြည်တော် ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မွေးမြူရေး လုပ်ငန်းများကို ယခု ၂၀၂၄ -၂၅ ဘဏ္ဍာနှစ်အတွင်းငွေကျပ် (၁၂)ဘီလီယံ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသများမှ စိစစ်ရွေးချယ်ထားသည့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ၊ ဥစားကြက်မွေးမြူရေးလုပ်ငန်းများနှင့် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများ စသည့်တို့ကိုလာမည့် ဇွန်လမှစတင်၍ ထုတ်ချေးပေးရန်စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းချေးငွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး နို့စားနွားမွေးမြူရေး လုပ်ငန်းများကို ဦးစားပေးထုတ်ချေးပေးရန်စီစဉ်ထားကြောင်း သိရသည်။

ထို့ပြင် နို့စားနွားမွေးမြူရေးလုပ်ငန်းများကို နှစ်ရှည်ချေးငွေအဖြစ် သုံးနှစ်အထိထား၍ ချေးပေးမည်ဖြစ်ပြီး အသားတိုး နွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ကာလနှစ်နှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားရန် သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here