ရုရှားပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အနောက်တိုင်းလက်နက်များ အသုံးပြုခွင့်ပေးခြင်းကို ဂျာမန်ကန့်ကွက်

0
334

ရုရှားနိုင်ငံရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် ယူကရိန်းအား အနောက်တိုင်းလက်နက်များ အသုံးပြုခွင့်ပေးခြင်းကို ကန့်ကွက်ကြောင်း ဂျာမနီအဓိပတိ Olaf Scholz က ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ ပေးထားတဲ့ လက်နက်တွေ အသုံးပြုမှုအတွက် ရှင်းလင်းတဲ့ စည်းမျဉ်းတွေ ရှိတယ်။ အဲဒါတွေကို ယူကရိန်းနဲ့ သဘောတူပြီးသားဖြစ်တာကြောင်း အဲဒီစည်းမျဉ်းတွေအတိုင်းပဲ သူတို့ လုပ်ရမယ်” ဟု ဂျာမန်အဓိပတိ၏ ပြောကြားချက်ကို ကိုးကား၍ DPA သတင်းဌာနက ရေးသားဖော်ပြထားသည်။

Scholz ၏အဆိုအရ၊ ဤစည်းမျဉ်းများကို ပြောင်းလဲရန်အတွက် အခြားအကြောင်းပြချက်မရှိပါ။

နေတိုးမဟာမိတ်များသည် နိုင်ငံတကာအသိအမှတ်ပြု ရုရှားပိုင်နက်အတွင်း တည်ရှိသော စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန်အတွက် ယူကရိန်းအား အနောက်နိုင်ငံလက်နက်များ အသုံးပြုခွင့်ပေးခြင်းကို စောင့်ကြည့်သင့်ကြောင်း နေတိုးအဖွဲ့၏ အတွင်းရေးမှူးချုပ် Stoltenberg ကအစောပိုင်းက The Economist ဂျာနယ်နှင့် အင်တာဗျူးတွင် အစောပိုင်းကတည်းက ပြောကြားခဲ့သည်။

ဂျာမနီသည် အမေရိကန်ပြီးလျှင် ယူကရိန်းကို ဒုတိယလက်နက်အများဆုံး ပေးပို့သည့်နိုင်ငံဖြစ်သည်။ ယူကရိန်းအတွက် စစ်ရေးထောက်ပံ့မှုတွင် ယူရို ၂၈ ဘီလီယံခန့် သုံးစွဲခဲ့ပြီးဖြစ်သည်။

သို့သော်လည်းအနောက်နိုင်ငံများ၏ လက်နက်များသည် မိမိတို့၏ စစ်ရေး ရည်မှန်းချက်များ အောင်မြင်ခြင်းကို ရပ်တန့်နိုင်မည်မဟုတ်ဟု ရုရှားတို့က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here