ဇလန်းစကီးက ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ထောက်ခံအားပေးရန်ဘိုင်ဒင်နှင့်ရှီကို တောင်းဆို

0
245

စင်္ကာပူ၊မေ ၂၆

ဇလန်းစကီးက ရုရှားနှင့်ရင်ဆိုင်တိုက်ခိုက်နေရချိန်၌ ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ယူကရိန်းဘက်မှရပ်တည်ကြောင်းပြသသည့်အနေဖြင့် ဆွဇ်ဇာလန်၌မကြာမီ ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ထောက်ခံပေးရန်တောင်းဆိုခဲ့ပြီး အထူးသဖြင့် အမေရိကန်သမ္မတဘိုင်ဒင်နှင့် တရုတ်သမ္မတရှီတို့ကို တိုက်တွန်းခဲ့သည်။

“ဒီလိုစစ်ပွဲမျိုးကို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထောက်ပံ့ပေးမှုတွေမပါဘဲ ရပ်တန့်နိုင်တဲ့နိုင်ငံမျိုးမရှိသေးပါဘူး” ဟုလည်းသမ္မတဇလန်းစကီးကပြောကြားခဲ့သည်။ ဆွဇ်ဇာလန်က ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို လာမည့် ဇွန်လ ၁၅ ရက် နေ့ နှင့် ၁၆ ရက် နေ့ များတွင် ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။

“ကမ္ဘာ့ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးရဲ့ ကမ္ဘာလုံးဆိုင်ရာကြိုးပမ်းမှုတွေမှာ ပါဝင်လာခြင်းမရှိသေးတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အထူးသဖြင့် အမေရိကနှင့်ပေကျင်းတို့ရဲ့ သမ္မတတွေကို ဒီငြိမ်းချမ်းရေးအစည်းအဝေးကိုတက်ရောက်စေလိုပါတယ်” ဟုလည်း သမ္မတဇလန်းစကီးကပြောကြားခဲ့သည်။

သို့သော် Bloomberg သတင်းဌာနက အမေရိကန်သမ္မတဘိုင်ဒင်သည် ကလီဖိုးနီးယား၌ စည်းရုံးရေးရန်ပုံငွေပွဲသို့ တက်ရောက်ရန်ရှိသဖြင့် အဆိုပါငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နိုင်လိမ့်မည်မဟုတ်ကြောင်းသိရသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ရုရှားနှင့်ယူကရိန်းနှစ်ဘက်လုံးကအသိအမှတ်ပြုပြီး သင့်လျော်သည့်အချိန်၌ကျင်းပသည့် နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံကိုထောက်ခံကြောင်းနှင့် သက်ဆိုင်ရာအဖွဲ့ အားလုံးတန်းတူညီမျှပါဝင်သည့် တရားမျှတသောဆွေးနွေးမှုမျိုးကို လက်ခံကြောင်း ဘရာဇီးနှင့်ပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့သည်။

သို့သော် ရုရှား၏ထုတ်ပြန်ကြေငြာချက်၌မူ ၎င်းတို့ကို ယခုကျင်းပသည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ဖိတ်ကြားခြင်းမရှိကြောင်းပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here