G-9 အောင်ပြီးသူများ တက်ရောက်နိုင်သည့် သမဝါယမစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း

0
672

အခြေခံပညာစနစ်သစ် Grade – 9 အောင်မြင်ပြီးသူများ အနေဖြင့် သမဝါယမစာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းတွင် အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက်သင်ကြားရန် တက်ရောက်နိုင်ကြောင်း သိရသည်။

မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်တို့ရှိ ထိုသင်တန်းကျောင်းများတွင် (၃) နှစ်တာ တက်ရောက်ရမည်ဖြစ်ပြီး လာမည့် ဇွန်လ (၁၇) ရက်နေ့တွင် စတင် ဖွင့်လှစ်သွားမည်ဟု သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် အခြေခံပညာစနစ်သစ် Grade – 9 အောင်မြင်ပြီးသူဖြစ်ရမည် ဖြစ်ကာ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပြည်ထောင်စုမြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ (လူပျို/အပျို)နှင့် သင်တန်းမှ ချမှတ်ထားသော ဝန်ခံကတိ၊ စည်းမျဥ်း/စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက Certificate in Business Accounting (စီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ်ကို ရရှိမည့်အပြင် သတ်မှတ်ထားသော အရည်အချင်းများ ပြည့်မီပါက သမဝါယမကောလိပ်များသို့ ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတက်ရောက်လျှောက်ထားလိုသူများအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး)၊(မကွေး)၊(မန္တလေး)၊(ပုသိမ်)၊(မော်လမြိုင်) တို့တွင် လျှောက်လွှာများ ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ (၁) စောင်၊ လိုင်စင်ဓာတ်ပုံ (၃) ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းနှင့် အောင်မြင်သည့် ပညာအရည်အချင်းထောက်ခံစာမူရင်းတို့ကို ပူးတွဲတင်ပြကာလျှောက်ထားနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here