ကလေးဆေးရုံမီးလောင်မှုအတွက် ဆေးရုံပိုင်ရှင်ကို အိန္ဒိယရဲတပ်ဖွဲ့ဖမ်းဆီး

0
126

နူးဒေလီ၊မေ ၂၇

အိန္ဒိယနိုင်ငံ၌ဖြစ်ပွားခဲ့သည့် က ​ေလးေဆး ရုံ  တစ် ရုံ    ရှိမွေးကင်းစကလေးစောင့်ရှောက်ရေး ဌာန မီးလောင်မှုအတွက် အဓိကတာဝန်ရှိသည့် ဆေးရုံပိုင်ရှင်ဆရာဝန်ကို ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အဆိုပါဆေးရုံသည် လိုင်စင်လည်းမရှိသကဲ့သို့ လူနေထူထပ်ရာရပ်ကွက်၌လည်း ဖွင့်ထားသည့်အပြင် မီးဘေးအတွက် အရေးပေါ်ထွက်ပေါက်များကိုလည်း ထည့်သွင်း တည်ဆောက်ထားခြင်းမရှိကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ကြေငြာခဲ့သည်။

“ကျွန်တော်တို့ရဲ့ကလေးကို နာမည်လေးတောင်မပေးရသေးသလို ကျွန်တော့်လက်ပေါ်တောင် တင်ပြီးမချီရသေးပါဘူး” ဟုလည်း မီးလောင်မှုအတွင်းသေဆုံးသွားရသည့် ၁၁ ရက်သားကလေးငယ်၏ဖခင်ကပြောကြားခဲ့သည်။

“ကလေးကမွေးကတည်းက အသက်ရှူရခက်နေလို့ ဆေးရုံတစ်ရက်နှစ်ရက်လောက်တင်လိုက် ရင်အဆင်ပြေသွားမယ်ဆိုလို့ဆေးရုံတင်ထားတာပါ၊ဒါပေမဲ့ ဆေးရုံကပဲ ကျွန်တော့်ကလေးရဲ့အသက်ကိုသတ် လိုက်လိမ့်မယ်လို့ကျွန်တော်မထင်ထားဘူး” ဟုလည်း ရက်သားသာရှိသေးပြီး မီးလောင်မှုကြောင့်သေဆုံးသွားရသည့် အခြားကလေးငယ်တစ်ဦး၏ဖခင်ကပြောကြားခဲ့သည်။

အိန္ဒိယ၌ လူနေထူထပ်သဖြင့် အရေးအကြောင်းဖြစ်လာသည်ရှိသော် မီးသတ်ကားများလွယ်လင့်တကူဝင်ရောက်နိုင်ရန်ခက်ခဲသဖြင့်လည်း မီးလောင်ပါက အချိန်မီ ငြှိမ်းသတ်နိုင်ရန်ခက်ခဲလေ့ရှိသည်။ ယခုဆေးရုံမီးလောင်မှုသည်လည်း အဆိုပါအချက်ကြောင့်ပင် ပိုမိုဆိုးရွားသွားစေပြီး မီးဘေးအရေးပေါ်ထွက်ပေါက်မထားရှိ သောကြောင့် လည်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာဆေးရုံသည် မူလကလိုင်စင်ရှိသော်လည်း ၎င်း၏လိုင်စင်သက်တမ်းသည် မတ်လကတည်းက ကုန်ဆုံးသွားသည်။ ခွင့်ပြုထားသည်ထက် ကလေးအရေအတွက်ကို လည်းတိုးမြှင့်ကာထည့်ထားသည်ဟုလည်းတာဝန်ရှိသူတစ်ဦးကဆိုသည်။

လက်ရှိအချိန်အထိ ကလေးငယ်ခြောက်ဦးသေဆုံးကာ ငါးဦးကို အသက်ရှင်လျက်ကယ်တင်ထားနိုင်ပြီး အဆိုပါကလေးငယ်များသည် ဆေးကုသမှုခံယူနေကြောင်းပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အာရ်ကေ


LEAVE A REPLY

Please enter your comment!
Please enter your name here