မလေးရှားတွင် တရားမဝင်နိုင်ငံခြားသားများ ဖမ်းဆီးမှုများနေ၊ မြန်မာနိုင်ငံသားများ သတိထားသွားလာရန်လို

0
445

ယခုရက်ပိုင်းတွင် မလေးရှားနိုင်ငံ၌ တရားမဝင် နိုင်ငံခြားသားများ၊ အလုပ်သမားများကို ဖမ်းဆီးမှုများပြားနေသောကြောင့် မလေးရှားနိုင်ငံတွင်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားသွားလာရန်လိုအပ်ကြောင်း မြန်မာလူ မှုကူညီရေးအသင်းအဖွဲ့များက သတိပေးလျှက်ရှိသည်။

ယခုလက်ရှိတွင် မလေးရှားအစိုးရက အထောက်အထား မပြည့်စုံသည့် နိုင်ငံခြားသား အလုပ်သမားများကို စီမံချက်ဖြင့် ဖမ်းစီးမှုများ များပြားနေသောကြောင့် ထိုကဲ့သို့သတိပေးရခြင်း ဖြစ်ကြောင်း အသင်းအဖွဲ့များက ဆိုသည်။ 

ထို့ပြင် ပတ်ဝန်းကျင်မှ တိုင်တန်းမှုများကြောင့်လည်း နိုင်ငံခြားသားများနေထိုင်သည့် နေရာ၊ တိုက်ခန်း၊ အိမ်များကိုလည်း တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေမှုများ ရှိနေကြောင်း သိရသည်။

အထောက်ထား မပြည့်စုံသည့် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မိခင်နိုင်ငံသို့ ပြန်လိုပါ က မလေးရှား လ၀က တွင် သတ်မှတ်ထားသော ဒဏ်ကြေးပေးဆောင်ပြီး လိုအပ်သည့် အချက်အလက် များ ပြသ ကာ Exit Pass (မလေးရှားနိုင်ငံမှ ပြန်လည် ထွက်ခွာခွင့် ပြုသည့် စာရွက်) ကို ၂၀ ၂၄ ဒီဇင်ဘာလ ကုန်အထိ လျှောက်ထားနိုင်ခွင့် မလေးရှား အစိုးရ အနေဖြင့် ခွင့်ပြုထားကြောင်း သိရသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား (၂၂၈) ဦး ဖမ်းဆီးခံခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here