နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံကို စိုက်/မွေးကဏ္ဍတွင်သုံးနေ

0
171

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှု ကော်မတီ၏ (၂/၂၀၂ ၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲမှ သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍဆော င်ရွက်မှုတွင် ၂၀၂၂ – ၂၀၂၃ ခုနှစ်၌ ပဲတီစိမ်းနှင့် နွေစပါးစီမံကိန်းအတွက် သုံးစွဲခဲ့သည့် ချေးငွေနှင့် ဝန်ဆောင်ခအား လုံး ပြန်လည်ရရှိပြီးဖြစ်ကြောင်း ကျန်ရှိသော စီမံကိန်းလုပ် ငန်းများ၏ ချေးငွေနှင့် ဝန်ဆောင်ခများကို သတ်မှတ်ကာလ အချိန်မီရရှိရေးနှင့် အပြည့်အဝကောက်ခံရရှိရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဆက်လက်ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစီမံကိန်းအား ရုံးချုပ်နှင့် တိုင်းဒေသကြီး လက်ကျန်ရန်ပုံငွေ နွေစပါးချေးငွေမှ ပြန်လည်ကောက်ခံရရှိမည့် ငွေများဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အဆိုပြုဧကအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ၏ စိစစ်အဆိုပြု ဧက ၉ ဒသမ ၆ သိန်းအား လျာ ထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မိုးမြေပဲ) စီ မံကိန်းဧက ၁ ဒသမ ၀၈ သိန်းကို ဆောင်းဆီထွက်သီးနှံမှ ချေးငွေပြန်လည်ကောက်ခံရရှိမည့်ငွေဖြင့် အကောင်အထ ည် ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စုစုပေါင်းကျပ် ၃၁၈ ဒသမ ၉၁၄ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုတို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မွေးမြူရေးစီမံကိန်းဖြစ်သည့် အသားတိုးကြ က်၊ ဥစားဘဲ၊ အသားတိုးဝက် မွေးမြူရေးအတွက် ချေးငွေအဆိုပြုလျှောက်ထားလာသူ မွေးမြူသူ၊ မွေးမြူသူအစုအဖွဲ့များ၊ သွင်းအားစုထောက်ပံ့သူများ၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့နှင့် စီမံကိန်းလုပ်ငန်းစဉ်များကို ပူးပေါ င်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဆောင်ရွက်မည့် မွေးမြူရေးစီမံကိန်းတွင်ပါဝင်သည့် နို့စားနွား၊ အသားတိုး နွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ်မွေးမြူရေးလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး ခြောက်ခုနှင့် ပြည်နယ်နှစ်ခုတို့တွင် ထပ်မံအကောင်အထည် ဖော် ဆောင်ရွက်သွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ စိုက်ပျိုးရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် မန္တ လေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၁၈) မြို့နယ်၊ တောင်သူ (၁၃၃) ဦး၊ လု ပ်ငန်း (၁၆၃) ခုမှ စိုက်ပျိုးမြေဧက (၁၄၀၀)ကျော်အတွက် စိုက် ပျိုးရေ ရရှိရေး အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here