ချင်းတွင်းမြစ်ရေ (၁၃)ပေ ခန့်အထိ မြင့်တက်လာသဖြင့် သင်္ဘော၊ လှေနှင့် ရေယာဉ်များသတိပြုသွားလာကြရန် မိုးလဇ သတိပေး

0
92

မေ(၂၈)ရက် မွန်းလွဲပိုင်း အချိန်တွင် ချင်း‌တွင်းမြစ်ရေသည် ခန္တီးမြို့၏ ၅၀၂ စင်တီမီတာသို့ ရောက်ရှိခဲ့ကာ (၃၆) နာရီအ တွင်း (၁၃)ပေခန့်အထိ မြင့်တက်လာသဖြင့် မြစ်ကြောင်းအ တွင်း သွားလာနေသော ရေယာဉ်၊ လှေနှင့် သင်္ဘောများ သ တိပြုသွားလာကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန့်ကြားမှု ဦး စီးဌာနက သတိပေးထားသည်။

ချင်းတွင်းမြစ် အထက်ပိုင်းတွင် မြင့်တက်ခဲ့သော အဆိုပါမြစ်ရေသည် နောက်(၁)ရက်မှ (၄)ရက်အတွင်း ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နှင့် မော်လိုက်မြို့တို့တွင် (၁၀)ပေမှ (၁၁) ပေခန့်၊ နောက်(၄)ရက်မှ (၆)ရက်အတွင်း ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၈)ပေမှ (၁၀) ပေခန့် အထိ လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ကြောင်း အသိပေးထားသည်။

အလားတူ ဧရာဝတီမြစ်ရေသည်လည်း မေလ(၂၈) ‌မွန်းလွဲပိုင်းအချိန်တွင် မြစ်ကြီးနားမြို့တွင်(၅၈၈)စင်တီမီတာသို့ ရောက်ရှိခဲ့ကာ (၃၆)နာရီအတွင်း (၁၀)ခန့် မြင့်တက်ခဲ့ကြော င်း ဆိုသည်။

ဧရာဝတီမြစ်အထက်ပိုင်းတွင် မြစ်တက်လာခဲ့သော အဆိုပါမြစ်ရေသည် နောက် (၁)ရက်မှ (၇)ရက်အတွင်း ဗန်းမော်မြို့၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး ၊ စစ်ကိုင်းနှင့် မြင်းမူမြို့တို့တွင် (၆)ပေမှ (၈)ပေခန့်၊ နောက်(၈)ရက်မှ (၁၁)ရက်အ တွင်း ပခုက္ကူမြို့၊ ညောင်ဦး၊ချောက်၊မင်းဘူး၊ မကွေး၊ အော င်လံမြို့တို့တွင် (၈)ပေမှ (၁၀)ပေခန့်၊ နောက်(၁၁)ရက်မှ (၁၃) ရက်အတွင်း ပြည်မြို့၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် (၆)ပေမှ (၇)ပေခွဲခန့် လက်ရှိရေမှတ်များအထက်သို့ မြသ့်တက်လာနိုင်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ယင်းမြစ်ကြောင်းတစ် လျှောက် သွားလာနေကြသော ‌ရေယာဉ်၊ လှေနှင့် သင်္ဘောများအနေဖြင့်ဂရုပြုကြရန်နှင့် သဲသောင်ခုံများတွင် စိုက်ပျိုးနေထိုင်ကြသူများ မြစ်ရေ တိုးလာမှုကို ဂရုပြုနေထိုင်သင့်ကြောင်း မိုးဇလက သတိပေးနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here