အားကစားသမားပေါင်း (၆၅၀၀)ပါဝင်မည့် အမျိုးသားအား ကစား ပွဲတော်ကြီး ကျင်းပမည်

0
374

နိုင်ငံတစ်ဝန်းရှိ အားကစားသမားပေါင်း (၆၅၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစား ပွဲတော်ကြီးကို လာမည့် ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ၊  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသ ည်။

ယမန်နေ့က ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုး သား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်း အဝေး၌ ဦးစီးကော်မတီ နာယကလည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခြင်းဖြစ်သည်။

ကျင်းပပြုလုပ်မည့် အမျိုးသားအားကစားပွဲတော်ကြီးသည် ပဉ္စမအကြိမ်မြောက်ဖြစ်ကာ နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရန်နှင့် ထိုင်းနိုင်ငံတွင် ကျ င်းပမည့် (၃၃ )ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ တခြားနိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရန် ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်စတုတ္ထအကြိမ် အမျိုးသား အားကစား ပွဲတော်ကို ၂၀၁၅ ခုနှစ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here