ချီဖွေမြို့နယ် မျောမောပါ ကျေးရွာတွင် ချောင်းရေကြီးကာ ‌လူနေအိမ်အချို့မျောပါပြီး ကလေးငယ်တစ်ဦး မျောပါ‌ေ- သဆုံးမှုဖြစ်ပွား

0
129

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ မျောမောပါကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ယနေ့ မေ(၂၉)ရက် နံနက် အစောပိုင်း(၅)နာရီအချိန်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မျောမောချောင်း ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီး လူနေအိမ် (၁၀)လုံးခန့်နှင့် အသက် (၁၀)နှစ်အရွယ် ကလေးငယ်တစ်ဦး‌ရေစီးနှင့် မျောပါ‌ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသ ည်။

“မျောမောပါတင် မဟုတ်ဘူး၊ အဲဒီနားက ဇန်နောင်ရွာဘက်တွေဆိုလည်း အိိမ်တွေအများကြီး ပါသွားရုံမကဘူး။ လူတွေရောပါသွားတယ်လို့ သိရတယ်။ ရွာချင်းဆက်တံတားတွေလည်း ရေထဲပါသွားလို့ သွားလာလို့မရဖြစ်နေကြတာ။ အိမ်ဘယ် နှစ်လုံးလည်းဆိုတာ ပြောဖို့ခက်ပေမယ့် ဆယ်လုံးလောက်ရှိမယ်ထင်တယ်။ ကလေးတစ်ဦးလည်း မျောသွားလို့ ကယ်ဆယ်ရေးလုပ်နေကြသံကြားတယ်”ဟု ချီဖွေမြို့ ဒေသခံတစ်ဦးက ပြောသည်။

ချောင်းရေစီးနှင့် မျောပါသွားသူအသက် (၁၀)နှစ်အရွှယ် ကလေးငယ်မှာ ယောင်္ကျားလေးဖြစ်ပြီး လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ရေကြီးရေလျှံဖြစ်ပွားသည့် မျောမောပါ ကျေးရွာသည် ချီဖွေမြို့မြောက်ဘက်  (၆) မိုင်အကွာရှိ မေခမြစ်၏ အနောက်ဘက်ကမ်းတွင်ရှိပြီး မိုးရာသီတောင် ကျချောင်းရေကြောင့် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ချီဖွေမြို့မြောက်ဖက် မေခမြစ်ပေါ်၌ ချီဖွေရေအားလျှပ်စစ်စီမံကိန်းတည်ရှိပြီး၊ တောင်ဖက် (၆) မိုင်ခန့်အကွာ နန်းဦးကျေးရွာအနီး၌ တရုတ်နိုင်ငံ စီပီအိုင် ကုမ္ပဏီပိုင် ချီဖွေငယ်ရေအားလျှပ်စစ် စက်ရုံတစ်ရုံတည်ရှိရာမြို့ဖြစ်ကြောင်း သိရသည်။

တောင်ပေါ်မြို့ဖြစ်သည့်အတွက် မိုးသည်း ထန်စွာရွာသွန်းပါက တောင်ကျချောင်းရေလျှံများ ဖြစ်ပွားလေ့ရှိသည့် ဒေ သတစ်ခုဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ‌CJ


LEAVE A REPLY

Please enter your comment!
Please enter your name here