SME ဥပဒေကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်နိုင်ရေး ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေ

0
279

အသေးစားလုပ်ငန်းများအတွက် ကျပ်(၁၀)သန်း၊ အငယ်စား လုပ်ငန်းများအတွက် ကျပ်သန်း (၅၀)နှင့် အလတ် စားလုပ်ငန်းများအတွက် ကျပ်သန်း(၁၀၀) ထုတ်ချေး ပေးရန် သတ်မှတ်ထား

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (SME) ဥပဒေကို ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရေး ဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ပြီး ယခုနှစ်မကုန်မီ အတ ည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ(၂၈)ရက် မွန်းလွဲပိုင်းက စက်မှုဝန်ကြီး ဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဒေသဆိုင်ရာအေဂျင်စီဥက္ကဋ္ဌများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက ပြဋ္ဌာန်းထားသည့် အသေးစားနှင့် အလတ်စားစီးပွားရေးလု ပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (SME) ဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုး တက်ရေး (MSME) ဥပဒေအဖြစ် ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရန်အတွက် ဥပဒေမူကြမ်း ရေး ဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ပြီး ယခုနှစ်မကုန်မီ အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း  ပြောကြားသည်။

MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးရာတွင် ချေးငွေဆိုင်ရာ စံသတ်မှတ်ချက်များ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ပြီး ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေစိစစ်ရေးအဖွဲ့များကို ဒေသဆိုင်ရာအေ ဂျင်စီများ၏ ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ထုတ်ချေးပေးမည့် ချေးငွေပမာဏသတ်မှတ်ချက်အနေဖြင့် အသေးစားလုပ်ငန်းများအတွက် ကျပ်(၁၀)သန်း၊ အငယ်စား လုပ်ငန်းများအတွက် ကျပ်သန်း (၅၀)နှင့် အလတ် စားလုပ်ငန်းများအတွက် ကျပ်သန်း(၁၀၀) ထုတ်ချေး ပေးရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မေ (၁၇) ရက်အထိ MSME ချေးငွေလျှောက် ထားသူ (၁၇၅)ဦးရှိသဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင် ရွက်လျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှတဆင့် MSME ဖွံ့ဖြိုး တိုးတက်ရေးအတွ က် ဒေသအလိုက် ရှေ့ဆက်လက်ဆောင်ရွက် မည့်ကိစ္စရပ်များကို ရှင်းရှင်းလင်းလင်း သိရှိပြီး လိုအပ်ချက်များကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ရှေ့ဆက် လက်ဆောင်ရွက်သွားရမ ည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဗဟိုကော်မတီနှင့် လုပ် ငန်း ကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စနစ် တကျ အကောင်အထည်ဖော်ရန် လိုအပ်သလို ဒေသဆိုင်ရာ MS ME အေဂျင်စီများအချင်းချင်း ချိတ်ဆက်ပူးပေါင်းဆောင် ရွက်သွားကြရန်လည်း ပြောကြားသည်။

ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီး ပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်း ရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် ဒေသဆိုင်ရာ အေဂျင်စီ များ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here