မော်လိုက်မြို့အနီး ရစ်(ခ်)တာစကေး (၅.၅) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့

0
277

စစ်ကိုင်းတိုင်းအတွင်းရှိ မော်လိုက်မြို့အနီးကို အင်အားရစ်ချ်တာစကေး ၅ ဒသမ ၅ အသင့်အတင့်ရှိသည့် မြေငလျင်တခု ယနေ့ ည ၇ နာရီ ၄၃ မိနစ်က လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

တမူးမြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၅၅)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မော်လိုက်မြို့၏ အရှေ့တောင်ဘက် (၁၄)မိုင်ခန့်အကွာ)၊ ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားခြင်းဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here