လူသားချင်းကိုယ်ချင်းစာပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်တဲ့သူတွေကို အရေးယူပေးစေချင်တယ် ဝတ်မှုံရွှေရည်

0
210

wutt

သက်ငယ်မုဒိမ်းမှု ကာကွယ်ရေး ဆွေးနွေးပွဲကို နိုဝင်ဘာလ ၂၇ ရက်နေ့က မျှော်စင်ကျွန်းမှာ ပြုလုပ်သွားခဲ့ပြီး ဒီပွဲမှာ အနုပညာရှင်များပါဝင်တာကြောင့် ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကလည်း ဒီပွဲမှာပြသမယ့် ဗီဒီယို Clip မှာ ပါဝင်ထားတယ်လို့ သိရပါတယ်။ သက်ငယ်မုဒိမ်းမှု သတင်းတွေဖတ်ရတဲ့အခါမှာ ရင်နင့်အောင်ခံစားရတယ်လို့ဆိုတဲ့ ဝတ်မှုံရွှေရည်က..

” အခုတလောမှာ သက်ငယ်မုဒိမ်းဖြစ်ပွားတဲ့ အကြောင်းတွေကို တောက်လျှောက်မြင်နေရတယ်။ ဒီသတင်းတွေကို မဖတ်ရဲလောက်အောင်ရင် နင့်အောင် ခံစားရတယ်။ သက်ငယ်မုဒိန်းမှုကျူးလွန်တဲ့သူတွေကို တာဝန်ရှိတဲ့သူတွေက ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။ မိဘပြည်သူတွေ အကုန်လုံးကိုလည်း လူသားချင်း ကိုယ်ချင်းစာပြီးတော့ အရေးယူခိုင်းဖို့ ဒီဟာကို လုံးဝရှုတ်ချပေးစေချင်တယ်။ ဒီကလေးတွေ ဘက်က ရပ်တည်ပေးစေချင်တယ်” လို့ ပြောပါတယ်။

အခုလတ်တလောမှာ ဝတ်မှုံရွှေရည်က Huawei ကြော်ငြာကို ဘန်ကောက်မှာ ၄ ရက်ကြာသွားရောက်ရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားတွေ
တောက်လျှောက်ရိုက်ကူးထားတဲ့အတွက် လတ်တလောမှာ တော့ ဇာတ်ကားရိုက်ကူးမှု ၃ လခန့် နား ထားမှာဖြစ်ပြီး ကြော်ငြာတွေပဲလက်ခံရိုက်ကူးဖို့ရှိကြောင်း ဝတ်မှုံရွှေရည်က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here