(၅) ရက်အတွင်း တရားမဝင် ဒီဂျစ်တယ်‌ငွေကြေး ရောင်းဝယ်ခြင်းနှင့် ဟွန်ဒီလုပ်ငန်းလုပ်ကိုင်သူ (၁၂)ဦး၏ ဘဏ်ငွေ စာရင်း (၃၆) ခုနှင့် Pay Account (၃၈)ခု အား အရေးယူထား

0
231

ဗဟိုဘဏ် အနေဖြင့် USDT အပါအဝင် တရားမဝင် ဒီဂျစ်တယ်ငွေကြေးများ ရောင်းဝယ်လဲလှယ်ခြင်းများနှင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်သူများကို အရေးယူဆောင်ရွက်သွားမည်ဟု မေ (၂၄) ရက်တွင် သတိပေးထားသည်။

ယင်းသတိပေးချက် ထုတ်ပြန်ပြီးနောက်ပိုင်း (၅) ရက်အတွ င်း ယင်းသို့ ဆောင်ရွက်နေသူ (၁၂) ဦး၏ ဘဏ်ငွေစာရင်း (၃၆) ခုနှင့် Pay Account (၃၈) အား အရေးယူဆောင်ရွက်ထားကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ဗဟိုဘဏ်မှ ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။

ပြင်ပငွေကြေးဈေးကွက်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတစ်ဒေါ်လာ ၄၅၈၀ အထိမြင့်တက်လာပြီး ရွှေဈေး နှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၈ သိန်း ကျော်အထိ စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here