မုံရွာ – တန့်ဆည် – ကလေးဝ မဟာမြိုင်လမ်းပျက်နေ၍ ကားများပိတ်မိ

0
426

ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြားကာ တောင်ပေါ် မြေသားနေရာများ၌ ဗွက်အိုင်များဖြစ်ပေါ်နေသည့်အတွက် စစ်ကိုင်တိုင်းအတွင်းရှိ တန့်ဆည်မြို့နှင့်  ကလေးဝမြို့နယ်တို့ကို ဆက်သွယ်ထားသည့် မုံရွာ – တန့်ဆည် – ကလေးဝ – မဟာမြိုင် ကားလမ်းသည် ကားများသွားလာ၍ မရဖြစ်နေကြောင်း ယာဉ်မောင်းများထံမှ သိရသည်။ 

”မဟာမြိုင်ထဲမှာ ကားဗွက်နစ်ရင် ထွန်စက် (၃) စီးနဲ့ ဆွဲထုတ် ရတယ် ။ (၁၂) ဘီးကား တစ်စီးကို ဆွဲထုတ်ခ (၁) သိန်း (၂) သောင်းပေးရတယ် “ဟု မဟာမြိုင်ထဲရောက်နေသည့် ကားသမား တစ်ဦးက ပြောသည်။ 

မဟာမြိုင်လမ်းပိုင်းတွင် မိုးများသောကြောင့် မြေသားလမ်းများ ပျက်စီးနေကာ တောဂျင်နှင့် တောင်ကျောင်းကြား (၃၇) မိုင် နေရာ ၊ (၅၆) မိုင် တောင်ပေါ်၌လည်း မြေပြိုမှုများကြောင့် ကားများမသွားနိုင်ဘဲ ပိတ်မိနေကြောင်း ၎င်းကဆိုသည်။ 

ထို့ပြင် ပျဉ်းကိုင်းရွာနှင့် ကလေးဝကြားရှိ ချောင်းများသည်လည်း ရေကျော်နေသောကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

အဆိုပါ ကားလမ်းသည်  မြန်မာ – အိန္ဒိယနယ်စပ် ကုန်သွယ် ရေး လမ်းကြီးဖြစ်သလို ချင်းတွင်းမြစ် အထက်ပိုင်းရှိ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီး စသည့် မြို့များထံသို့ ကုန်သွယ်ရေးလုပ်ဆောင်သည့် လမ်းတစ်ခုလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here