၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရာနှုန်းပြည့်ရရှိရေး လျာထားဆောင်ရွက်နေ

0
168

မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အားရာနှုန်းပြည့်ရရှိရေးကို လျာထားဆောင်ရွက်နေကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။

ထို့အတွက်ရေအား ၊ နေရောင်ခြည်စွမ်းအင် ၊ လေစွမ်းအင်စသည့် စွမ်းအင်အမျိုးမျိုးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးအတွက် အကောင်အတည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် နေခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများဖြစ်သည့် သပြေ-၃၃၀မဂ္ဂါဝပ် နှင့် သာစည် ၃၀ မဂ္ဂါဝပ်ဓာတ်အားပေးစက်ရုံများကို မေလ၂၃ရက်တွင် ဖွင့်ပေးခဲ့ပြီး ယင်းစက်ရုံများမှတဆင့် အိမ်ထောင်စု (၉)သောင်း(၉)ထော င်ခန့်ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံစီးပွားဖွံဖြိုးတိုးတက်မှုနှင့် လူဦးရေများပြားလာမှုကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိနေသည့်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှတဆင့် လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။

၂၀၃၀ ပြည့်နှစ်တွင် ရေအားလျှပ်စစ်ပါဝင်မှု ၂၈ ရာခိုင်နှုန်း ၅၁၅၆ မဂ္ဂါဝပ်၊ နေရောင်ခြည်နှင့် လေစွမ်းအင်စသည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ ပါဝင်မှု ၁၁ ရာခိုင်နှုန်း ၂၀ဝ၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် လျာထားအကောင် အထည်ဖော်လျက်ရှိကြောင်း သိရသည်။

လတ်တ​လောတွင် လူ​နေရပ်ကွက်မီးများ ယခင်ထက် ပိုမှန်လာ​နေ​သော်လည်း စက်မူဇုံများမှာ နာရီပိုင်းခန့်သာမီးရရှိ​နေသည့်အ​ခြေအ​နေဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here