ချောင်းရေစီးကြောင့် ညွှတ်ကျသွားသည့် ကျင်သီ ယာယီတံတားအား ပြန်လည်ပြင်ဆင်

0
273

ချောင်းရေစီးကြောင့် ညွှတ်ကျသွားသည့် ရှမ်းပြည်မြောက်ပိုင်း သီပေါ – ကျောက်မဲအကြားရှိ ကျင်သီယာယီတံတားကို ယမန်နေ့ (၂၉) ရက် ညနေပိုင်းက ပြန်လည်ပြင်ဆင်ခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်များထံက သိရသည်။

အဆိုပါ ကျင်သီတံတား ပြန်လည်ပြင်ဆင်မှုအတွက် ဒေသခံ ကျင်သီကျေးရွာသားများနှင့် တံတားကုန်တင်ကုန်ချ လုပ်သားများပူးပေါင်းကာ ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး ပြင်ဆင်နေချိန်အတွင်း တံတားအား ယာယီပိတ်ထားခဲ့ရကြောင်း သိရသည်။

“ အခုတော့ ကားငယ်တွေ ဖြတ်သန်းလို့ ပုံမှန်သွားလို့ရပါပြီ။ ကုန်တန်ချိန်များတဲ့ ကားကြီးတွေကတော့ အရင်လိုပဲ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း ကုန်ချိန်းပြီး သွားလာနေရတာပေါ့။ ဘာလဲဖြစ်ဖြစ် အဆင်ပြေသွားတာပေါ့။ ဒီနေ့တော့ မိုးမရွာတော့ပါဘူး။ ချောင်းရေလည်း ကျသွားပါပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုလ မေ(၂၈)ရက် နံနက်ပိုင်းက ချောင်းရေစီးကြောင့် တံတားမှာ တစ်ဘက်ခြမ်းသို့ ညွှတ်ကျခဲ့သဖြင့် ဖြတ်သန်းခွင့်ကို ယာယီပိတ်ခဲ့ရခြင်းဖြစ်သည်။

ကျင်သီယာယီတံတားကို ယခုနှစ် မတ်လ(၃၀)ရက်တွင်ဆောက်လုပ်ပြီးစီးကာ ဒေသတွင်းခရီးသွားများ ဖြတ်သန်းသွား လာခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း ယမန်နှစ် ၂၀၂၃ ခုနှစ် အောက်တိုဘာမှစတင်၍ တပ်မတော်နှင့် မြောက်ပိုင်းမဟာ မိတ်အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်း အဓိကကျသော တံတား(၅)စင်းပျက်ဆီးခဲ့သဖြင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ ရင်ဆိုင်ခဲ့ကြရခြင်းဖြစ်သ ည်။

ဓာတ်ပုံ- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here