မိုင်းဖုန်းဆရာတော်ကြီး၏ ဘူတန် မိန့်ကြားစာအရ ယနေ့တွင် သဲပုံစေတီ (၈၀,၀၀၀) ကျော် လှူဒါန်းပူဇော်မည်

0
204

ယနေ့ မေလ (၃၀) ရက်တွင် ဘူတန်နိုင်ငံ ၊ ဟိမဝန္တာတောင်တွင် တရားကျင့်ကြံ၍ သီတ င်းသုံးနေသည့် မိုင်းဖုန်ဆရာတော်၏ မိန့်ကြားစာအရ သဲပုံစေတီ (၈၄,၀၀၀)အား တည် ထား၍ လှူဒါန်းပူဇော်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သဲပုံစေတီလှူဒါန်းမှုအား မိုင်းဖုန်းမြို့၊ ဗုဒ္ဓဂါယာစေတီ ကောင်းမှုခမ်းတွင် ယနေ့ မေ(၃၀)ရက် နံနက်ပိုင်းမှ စတင်၍ ပူဇော်မည်ဖြစ်ပြီး ယမန်နေ့ မေ(၂၉)ရက် နံနက်ပိုင်းကလည်း မဟာဝေသန္တရာ ပဌာန်းကြီးအား တစ်ရက်လုံး ရွတ် ဖတ်သရဇ္ဇယ်ခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းဖုန်းဆရာတော်သည် ဘူတန်နှင့်တိဘက်ကြားရှိ ဟိမဝန္တာတောင်တွင် ဝါတွင်းသုံးလပတ်လုံး တရားကျင့်ကြံ အားထုတ်သွားမည်ဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယကာများထံက သိရသည်။

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ သည် ပြီးခဲ့သည့် ဧ ပြီလ (၁၀) ရက်၌ ပြည်ပသာသနာ ပြုခရီးစဉ်အဖြစ် ဘူတန်နိုင်ငံသို့ ကြွရောက်ခဲ့ပြီး ဘူတန်ဘုရင်နှင့် မိဖုရားတို့ လာရောက်ဖူးမျှော်ခဲ့ကြောင်း သိရသည်။

လွန်ခဲ့​သော ၂နှစ်ခန့် ၂၀၂၂ခု စက်တင်ဘာ ၃ ရက်(ယနေ့)နံနက်ပိုင်းကလည်း မိုင်းဖုန်းဗုဒ္ဓဂယာစေတီတော်တွင် သဲပုံစေတီအဆူပေါင်း ၈၄၀၀၀ အားပြုလုပ်လှူဒါန်းခဲ့ကြ​သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here