ငွေလဲနှုန်းမြင့်တက်ခဲ့သည့် မေ (၂၉) ရက်တွင် Online Tra ding Platform မှ ဒေါ်လာ၊ ဘတ်နှင့် ယွမ်ရောင်းချသူ (၁၁၆) ဦးရှိပြီး ဝယ်ယူသူ (၄၃၃) ဦးရှိ

0
153

မေလ (၂၉) ရက် ညနေပိုင်းတွင် ပြင်ပငွေကြေး ဈေးကွက်အတွင်း၌ တစ်ဒေါ်လာ ၄၇၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီး အဆိုပါနေ့တွင်ပင် Online Trading Platform မှ ဒေါ်လာ၊ ဘတ်နှင့် ယွမ်ရောင်းချသူ (၁၁၆) ဦးသာရှိပြီး ဝယ်ယူသူ (၄၃၃) ဦးအထိရှိကြောင်း ဗဟိုဘဏ်မှ သိရသည်။

AD လိုင်စင်ရဘဏ်များမှ ဖော်ပြထားသည့် ဈေးနှုန်းဖြင့် ပြည်ပသို့ အလုပ်လုပ်ရန်ထွက်ခွာသူ၊ ဆေးကုသမှုခံယူရန်ထွ က်ခွာသူ၊ ပညာသင်ရန်ထွက်ခွာသူ၊ အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူ (၁၅၇) ဦးအား ဒေါ်လာ (၂၃,၅၀၀) ဒေါ်လာ၊ စင်ကာပူဒေါ်လာ (၁,၅၀၀)၊ ထိုင်းဘတ် (၄၃,၃၂၀) နှင့် မလေးရှားရင်းဂစ် (၁,၀၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်ပသို့ ထွက်ခွာသူများကို နိုင်ငံခြားငွေရောင်းချပေးရာတွင် တစ်ဒေါ်လာ ၃၃၃၀/၃၃၃၁ ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ (၅၈) ဦး၊ ဆေးကုသမှုခံယူရန်ထွက်ခွာသူ (၃ ၅) ဦး၊ ပညာသင်ရန်ထွက်ခွာသူ (၂၀) ဦးနှင့် အစည်းအဝေးတက်ရောက်ရန် ထွက်ခွာသူ (၂၇) ဦး စုစုပေါင်း (၁၄၀) ဦးအား ဒေါ်လာ (၂၃,၅၀၀) ထုတ်ရောင်းပေးထားသည်။

အလားတူ ထိုင်းဘတ်ငွေ တစ်ဘတ် (၉၈) ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ (၃) ဦး၊ ဆေးကုသမှုခံယူရန်ထွက်ခွာသူ (၆)ဦးနှင့် ပညာသင်ရန်ထွက်ခွာသူ (၁) ဦး စုစုပေါင်း (၁၀) ဦးအား ထိုင်းဘတ် (၄၃,၃၂၀)ရောင်းချပေးခဲ့ပြီး စင်ကာပူ တစ်ဒေါ်လာ (၂,၄၆၈) ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ (၅) ဦးအား စင်ကာပူဒေါ်လာ (၁,၅၀၀) ရောင်းချပေးခဲ့ပြီး မလေးရှားတစ်ရင်းဂစ် (၇၀၈) ကျပ်ဖြင့် အလုပ်လုပ်ရန်ထွက်ခွာသူ (၁) ဦးနှင့် ဆေးကုသမှုခံယူရန်ထွက်ခွာသူ (၁)ဦး စုစုပေါင်း (၂) ဦးအား ရင်းဂစ် (၁,၀၀၀) ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။

Online Trading Platform မှတစ်ဆင့် ဒေါ်လာရောင်းချသူ ပို့ကုန်လုပ်ငန်းရှင် (၉၉) ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် (၃၁၆) ဦး၊ တရုတ်ယွမ်ရောင်းချသူ ပို့ကုန်လုပ် ငန်းရှင် (၅) ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် (၃၅) ဦး၊ ထိုင်းဘတ်ရောင်းချသူ ပို့ကုန်လုပ်ငန်းရှင် (၁၂)ဦးသာရှိပြီး ဝယ်ယူမည့် သွင်းကုန်လုပ်ငန်းရှင် (၈၂)ဦး ရှိကြော င်း သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များ အဆ င်ပြေစေရန်အတွက် Online Trading Platform မှတဆင့် ဒေါ်လာ၊ ဘတ်နှင့်ယွမ်များကို ထုတ်ရောင်းပေးလျက်ရှိသလိုပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသရန်သွားရောက်မည့်သူနှင့် ပညာသင်သွားရောက်မည့်သူများအား အသေးသုံးနိုင်ငံခြားငွေများကို ထုတ်ရောင်းပေးလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here