မလေးရှားမှာ တရားမဝင်နိုင်ငံခြားသားများ ဆက်တိုက်ဖမ်းဆီးခံရ၊ မြန်မာနိုင်ငံသားများလည်း ပါဝင်

0
120

မလေးရှားနိုင်ငံတွင် တရားမဝင် နိုင်ငံခြားသားတွေကို မလေးရှား အာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေကာ
မြန်မာနိုင်ငံသားအများစုလည်း ဖမ်းဆီးခံနေရကြောင်း သိရသည်။

မေ ၂၈ရက်နေ့ကလည်း ကွာလာလမ်ပူမြို့ရှိ ဆန်တိုဒေသကို မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ပြီး တရားမဝင်နိုင်ငံခြားသား ၁၂၃ဦး အဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ထိုထဲတွင် မြန်မာနိုင်ငံသားက ၉၅ ဦး၊ အိန္ဒိယက ၂၁ ဦးနှင့် အင်ဒိုနီးရှားက ၇ ဦး ပါဝင်ကြောင်း မလေးရှား လဝကရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်ကို ဘီဘီစီမြန်မာပိုင်း၏ သတင်းအရ သိရသည်။

စစ်ဆေးတွေ့ရှိချက်အရ ဖမ်းမိသည့် နိုင်ငံခြားသားတွေသည် ခိုင်လုံသော အထောက်ထားများ မရှိကြသလို နေထိုင်ခွင့်သက်တမ်းလွန်နေမှုများလည်း တွေ့ရကြောင်း မလေးရှားလဝကက ထုတ်ပြန်ထားသည်။

မ​လေးရှားနိုင်ငံရှိ မြန်မာလူမှုကူညီရေးအသင်းအဖွဲ့များကလည်း တရားမဝင်နိုင်ငံခြားသားများ၊ အလုပ်သမားများကို မလေးရှားအာဏာပိုင်များက ဖမ်းဆီးမှုများပြားနေသောကြောင့် မလေးရှားနိုင်ငံတွင်ရှိနေသည့် မြန်မာနိုင်ငံသားများအနေဖြင့် သတိထားသွားလာရန်လိုအပ်ကြောင်း
သတိပေးထားသည်။

မလေးရှားအစိုးရအနေဖြင့်လည်း အထောက်ထား မပြည့်စုံသည့် နိုင်ငံခြားသားအလုပ်သမားများ အနေဖြင့် မိခင်နိုင်ငံသို့ ပြန်လိုပါ က မလေးရှား လ၀က တွင် သတ်မှတ်ထားသော ဒဏ်ကြေးပေးဆောင်ပြီး လိုအပ်သည့် အချက်အလက် များ ပြသ ကာ Exit Pass (မလေးရှားနိုင်ငံ မှ ပြန်လည် ထွက်ခွာခွင့် ပြုသည့် စာရွက်) ကို ၂၀၂၄ ဒီဇင်ဘာလ ကုန်အထိ လျှောက်ထားနိုင်ခွင့် ခွင့်ပြုထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here